Thursday, October 28, 2010

မြန်မာလူငယ်တွေရဲ့ နိုင်ငံရေး

လူငယ်တွေရဲ့ နိုင်ငံရေး

မြန်မာ နိုင်ငံမှာ မူးရင်း အလံနှစ်ခု ရှိခဲ့ပါတယ် ။
မြန်မာ နိုင်ငံရဲ့ ရှေးအကျဆုံး ပြည်ထောင်စု အလံကတော့ အောက်မှာပြထားတဲ့ ပုံပဲဖြစ်ပါတယ် ။

 

ဒါပေမယ့် ဒီအလံကို ၁၉၇၄ ခုနှစ်ထိသာအသုံးပြုခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ နိုင်ငံတော် အတွက် တရာဝင် အလံအဖြစ်
တိုင်းနှင့်ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုသော ကြယ် ၁၄ လုံးပါ  ..
တောင်သူဦးကြီးများ ကို လေးစားသောအားဖြင့် စပါနှံ ပြီးတော့ ..
စက်မှု့လုပ်သားကြီးများကို အားပြုသော စက်သွားပါ အလံတော်ကို ရဲရင့်ပြတ်သားသော အနီရောင် ငြိမ်းချမ်းမှု့ အတွက် အပြာရောင်တို့  ကို နေက်ခံထားပြီးအမိမြန်မာနိုင်ငံတော်အလံအဖြစ် တစ်နိုင်ငံလုံး တိုင်းသူပြည်သားအားလုံးဟာ အမြတ်တနိုး ရိုသေစွာ အလေးပြု ခဲ့ကြပါတယ် ။

ဒါက ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံပါ  ..
ကျနော်ဒို့ Original Flag Movement ရဲ့ လှုပ်ရှားမှု့ဟာ ကျနော်ဒို့ လူငယ်တွေအားလုံး နှစ်သက်မြတ်နိုးခဲ့ရတဲ့ နှလုံးထားထဲမှာ ရှိနေမယ့် တရာဝင် အလံတော်အတွက်ပဲဖြစ်ပါတယ် ။ကျနော့် မမှီလိုက်တဲ့ ခေတ်က အလံတော် အတွက် ကျနော် တို့  ပူပင်နေစရာမလိုတော့ပါဘူး ကျနော်တို့ က မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ်လူငယ်တွေပဲလေ .. မွေးကတည်းက မြတ်နိုးစွာအလေးပြုခဲ့ရတဲ့ အလံတော်ကိုပဲ တန်ဖိုးထားပါတယ် ..  ဒီအလံဟာ စစ်အစိုးရရဲ့ အလံ လဲမဟုတ်ရပါဘူး .. မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးရဲ့ နိုင်ငံတော် အလံပါ ။



ဒီမိုကရေစီ အင်အားစုတို့ ရဲ့ ခွပ်ဒေါင်းပုံ ပါ အလံ ကို လဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး မျှော်လင့်သူတိုင်း လက်ခံတန်ဖိုးထားကြပါတယ် ။ကျနော်ဒို့လဲ တန်ဖိုးထားလေးစားပါတယ် .. ဒါပေမယ့် ကျနော်ဒို့ ခုလှုပ်ရှားနေတာက ဒီမိုကရေစီ အင်အားစု အလံအတွက် မဟုတ်ပါဘူး .. ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံအတွက်ပါ .. ကျနော်တို့ လဲ ကိုယ့်တိုင်းပြု ကိုယ့်လူမျိုး ကောင်းစားရေး လွတ်လပ်ရေးကို မြင်ချင်တဲ့ လူတွေပါပဲ ။ ဒါပေမယ့် ခွပ်ဒေါင်း အလံ ကို မတင်တိုင်း .. ဒါကို အမြင်မှားပြီး မရောနှောစေ ချင်ပါဘူး .. ကျနော်ကို အကိုကြီးတွေက လာဆူပါတယ် "အာဏာရှင် မဆလ ရဲ့အလံကိုလက်ခံရန်သင့်တော်ပါမလား။"  .. ခုလိုအချိန်မှာ ခွပ်ဒေါင်းအလံကို နိုင်ငံတော် အလံဖြစ်ပြောင်းလဲ ခဲ့ရင်ကော  .. မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကျေနပ်နေမယ်လို့ မထင်ဘူးနော် ဒါဟာ အင်အားစုတစ်စုရဲ့ အလံဖြစ်နေပြီး .. နိုင်ငံတော် အလံအဖြစ်သတ်မှတ်လို့ မရနိုင်လို့ ပါပဲ ။


ဒေါ်လာစားတွေ ဆိုပြီးပြည်ပမှာရှိတဲ့ မြန်မာ့ အရေးလှုပ်ရှားသူတွေကို စစ်ခွေးတွေ ရန်လုပ်တိုက်ခိုက်ကိုက်ကြပါတယ်  ..မြန်မာနိုင်ငံကလူငယ်တွေ ဘာလို့ ပြည်ပ ပို့ ကုန်ဖြစ်ကြရတယ်ဆိုတာလဲ တရာခံဟာ ဘယ်သူလဲဆိုတာမေးနေစရာတောင်မလိုပါဘူး ။ စာပေးစီစစ်ရေး နဲ့ သင်ခန်းစာတွေ .. ခေါက်ရိုးကျိုးပုံသေနည်းတွေနဲ့ သာ နေသားကျနေတဲ့ ကျောင်းသားလူငယ်တွေ ၁၀ တန်းအောင် ရင် ဘာလုပ်နိုင်မလဲ ။ပြီးတော့ မြန်မာနိုင်ငံရဲ့ ပညာရေးကို မြန်မာနိုင်ငံမှာ ကျောင်းနေခဲ့တဲ့လူတိုင်းသိကြပါတယ်  .. ငွေပေးရင် ဘာမဆိုရပါတယ် .. ရမှတ်တွေကို ပိုက်ဆံပေးပြီး ဝယ်ယူနိုင်နေတာပဲ ။ ဒါပေမယ့် လက်လုပ်လက်စား လူတန်းစားတွေမှာတော့ ဘာအခွင့်ရေးမှမရှိကြတော့ဘူးပေါ့ .. ဒီလိုနဲ့ ၁၀ တန်းပြီးမှ လိုင်းကောင်းကောင်းတွေ မဝင်နိုင်ရင် စစ်ထဲဝင် သင်္ဘောသားလုပ် ဒီထက်အပြင် ရွေးစရာလမ်းမရှိတော့သာအမှန်ပါ ။ ပြည်ပမှာ ကျောင်းတက်နေရတဲ့ ကျနော်ဒို့ လူငယ်တွေမှာလဲ အာဏာရှင်တွေရဲ့ သားသမီးတွေလို မိဘကမတက်နိုင်ပြန်တော့ ကျောင်းတက်နိုင်ဖို့ အရေး အလုပ်ပါ လုပ်ကြရပြန်ရော .. ခုဆို မြန်မာနိုင်ငံရဲ့ ရဲ့ လူငယ်တွေအရေးဟာ ဦးနှောက်ဖောက်စားခံရတာမဟုတ်တော့ပဲ ဦးနှောက်နဲ့ အတတ်ပညာတွေ ယိုစိမ့်မှု့ဖြစ်နေတာပါ ။ ပြည်တွင်းမှာ နိုင်ငံရှိလူဦးရေ နဲ့ မျှတအောင် အလုပ်နေရာတွေ မရှိတော့တဲ့အခါ ပြည်ပထွက်ပြီး မြန်မာတွေ ကျွန်ခံကြရတယ် ။ ပြည်ပမှာ နှိပ်စက်မှု့တွေကြား မျက်ရည်နဲ့ လုပ်ကိုင်ရင်း မိသားစုအတွက် အလုပ်လုပ်နေကြရတာပါ ။ ဒါဟာ မြန်မာတွေ ဘာလို့ ဒေါ်လာစား တွေဖြစ်လာခဲ့ရတယ်ဆိုတာပါပဲ  .. မြန်မာတွေကို ဒေါ်လာစားပြောတဲ့ သူတွေဟာ .. နိုင်ငံပိုက်ဆံ ပြည်သူတွေရဲ့ မျက်ရည်နဲ့ ပြည်ပထွက်ပညာသင်ကြပြီး နိုင်ငံအတွက် အကျိုးရှိအောင် ဘာတွေများလုပ်ကိုင်ပေးခဲ့ကြလဲ .. မြန်မာလူမျိုးတိုင်း မြန်မာနိုင်ငံကို ချစ်မြတ်နိုးပါတယ် ။ စစ်သား တွေလဲ အရင်ကကျနော်ဒို့လိုပြည်သူတွေပါပဲ မြန်မာနိုင်ငံသားတွေပါ နိုင်ငံနဲ့လူမျိုးကို ချစ်စိတ်တော့ရှိမှာပဲ ဒါပေမယ့် စစ်တပ်ထဲ ရောက်တဲ့ အခါ တိုင်းပြည်နဲ့ လူမျိုးကို ချစ်ပုံချစ်နည်းမှားသွားကြတော့တာပါပဲ ။

ခုနောက်ပိုင်းမှာမှ စစ်အစိုးရက ပြည်သူတွေရဲ့ ဆန္ဒကို မခံယူဘဲ စိတ်ရှိ အာဏာလက်ကိုင်ထားပြီး ကြိုက်သလို ပြောင်းလဲလိုက်တဲ့  ဗေဒင်ဆရာ ရဲ့ ယတြာအလံတော် ကို ဘယ် မြန်မာနိုင်ငံသားကမှ လက်ခံ ခြင်းမရှိပါဘူး ။ ဒါဟာ မြန်မာအရေးမို့  ကမ္ဘာကို မေးရင်တောင် သိနိုင်ပါတယ် ။ စစ်အာဏာရှင်တွေ နဲ့ သူတို့ ရဲ့ သစ္စာခံစစ်ခွေးတွေ သာ အလေးပြု တန်ဖိုးထားကြတာပါ ။ အလံ ရဲ့ အဓိပ္ပါယ်ကို လူကြားကောင်းအောင်တော့ ဖွင့်ဆိုပါရဲ့ ..

အဝါရောင် က နိုင်ငံတော် ရဲ့ သာသနာ ဆိုပဲ .. အရှက်မရှိ ပြောရဲလိုက်ကြတာ  .. စက်တင်ဘာလှုပ်ရှားမှု့တုန်းက အပြစ်မဲ့ ပြည်သူတွေနဲ့  ဗုဒ္ဓ ရဲ့ သားတော်တွေကို အညှာတာ ထောက်ထားမှု့မရှိပဲ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြတာ ဘယ်သူတွေလဲ . . ? မြန်မာနိုင်ငံရဲ့ ဆန်ရေစပါးပွားများအောင် အစိမ်းရောင်တဲ့ .. မြန်မာနိုင်ငံရဲ့ လယ်သမားကြီးများ ကို ဓားပြတိုက် လုယက် နေတာကလဲ စစ်ခွေးတွေပဲလေ .. ။ အနီရောင်ကတော့ ရဲရင့်ခြင်းအတွက် ထားပါဦး ကြယ်ဖြူကြီး တစ်လုံးကလဲ စစ်အာဏာရှင်တွေရဲ့ စစ်တပ်ကို ကိုယ်စားပြုနေတာပဲလေ . . အလံတင်ပွဲ အခမ်းအနားကိုလဲ လုပ်လိုက်တာက နေ့လည်ပိုင်းကြီးဆိုပဲ .. အာဏာရှင်တွေ ကိုးကွယ်နေတဲ့ အောက်လမ်းဆရာ ရဲ့ အကြံနဲ့ နိုင်ငံတော်ကြီးကို ကမ္ဘာအလည် စင်တင်ပြီးမီးရှို့  လိုက်တာပါပဲ ..  ။

ခုလဲ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာလဲ သန့်ရှင်းပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲမဖြစ်လာနိုင်ပါဘူး ။ နဂိုစပြီး ရွေးကောက်ပွဲအတွက် မဲဆန္ဒ ခံယူကတည်းက အတိုက်အခံ ခေါင်းဆောင်တွေကို ထောင်ထဲသွင်းထားပြီးမှ မတရားနည်းပေါင်းစုံနဲ့ ရွေးကောက်ပွဲကို မရ ရအောင် ကျင်းပခဲ့ပါတယ် .. ကျင်းပတဲ့ အခါမှာလဲ .. အာဏာရှင်တွေရဲ့ အကြံနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင် ဟာ ဝင်ရောက် ယှဉ်ပြိုင်ပြီး  လက်ရှိ  အတိုက်ခံတွေကိုလဲ မရရားမှု့ပြုနေတာပါ ။ဒီမိုကရေစီ အင်အားစုတွေရဲ့ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကိုလဲ အကွက်ဆင်ပြီး ထောင်နှစ်တိုးအောင် ကြံရွယ်ပြီး ရွေးကောက်ပွဲနဲ့ လွဲအောင် ထောင်ချ ခဲ့တာပါပဲ ။ ပြည်ပရှိ ဒီမိုကရေစီ အင်အားစုတွေကိုလဲ ရသလိုဖိနှိပ်  .. ပြည်တွင်းမှာလဲ ခေါင်းမဖော်နိုင်အောင် စိတ်ရှိလက်ရှိ အကွက်ချ စီစဉ်ပြီးမှ ရွေးကောက်ပွဲဆိုတာကြီးကို ကျင်းပခဲ့တာပါ ။ မကြာမှီ လာတော့မယ့် မဲပွေးပွဲမှာလဲ မီဒီယာ လွတ်လပ်ခွင့်မပေး .. နိုင်ငံရေးအကျဉ်းသားတွေအကုန် မလွတ်ပေးပဲနဲ့တော့ ဘယ်နည်းနဲ့မှ တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိပါဘူး ။
 

ဒီ ဆောင်းပါးလေးဟာ ကျနော်တို့ လူငယ်တစ်စုရဲ့ နိုင်ငံပေါ်ထားရှိတဲ့ အမြင် .. 
ပြီးတော့ မြန်မာနိုင်အရေး ကို ကိုယ်နားလည်သိမြင်သလိုတင်ဆက်လိုက်တာပါ.. 
အမှားရှိက ခွင့်လွတ်ပေးကြပါရန် .. !



                                                                                                                                                                                                                                                                                              သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment