Sunday, November 28, 2010

မြန်မာနိုင်ငံမှ တရားဝင်လက်နက်ကိုင် သောင်းကျန်းသူကြီးများ .. အပိုင်း ( ၁ )

မြန်မာနိုင်ငံမှ တရားဝင်လက်နက်ကိုင် သောင်းကျန်းသူကြီးများ .. 


အမေစုလွတ်လာအပြီးမှာ ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများမှ ပိုပြီးတက်ကြွစွာနဲ့ နိုင်ငံ့ရဲ့ အရေးကို ဆောင်ရွက်လာကြသလို ပြည်ပရှိ အင်အားစုများမှလဲ အရှိန်အဟုန်မြှင့်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်နေကြပါတယ် ။
အင်အားစုများတိုက်ပွဲဝင်တဲ့အခါမှာတော့ စစ်မျက်နှာပြင်က အွန်လိုင်းမီဒီယာစာမျက်နှာများပေါ်မှာပါ ကိုင်ဆောင်ရတဲ့ လက်နက်ကတော့ ကလောင်မီဒီယာဖြစ်ပြီး တိုက်ခိုက်ချေမှုန်းရမယ့် ရန်သူကတော့ တရာဝင်လက်နက်ကိုင်ဆောင်ခွင့်ရရှိပြီး တရာဝင်နိုင်ငံ့ဘဏ္ဍာကို ခိုးယူသုံးစွဲခွင့်ရရှိထားတဲ့ သောင်းကျန်းသူစစ်ခွေးများပဲဖြစ်ပါတယ်။ 
  
စစ်ခွေးတွေအနေနဲ့လဲ သူတို့ ရဲ့ခေါင်းဆောင်စစ်အာဏာရှင်ကြီးများဆီမှ ရာထူးတက်ရေး ဘဝအခွင့်အလမ်းကောင်းလေးများကို မျှော်မှန်းရင်း အောက်တန်းကျ ဝါဒဖြန့်မှု့ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ် ။ စစ်ခွေးများအတွက် စွမ်းအားရှိလက်နက်ကတော့ စစ်ခွေးတစ်ကောင်ကို ကြိုက်သလို ကိုယ်ပွားများခွဲယူနိုင်ခြင်းဖြစ်ပြီး .. တိုက်ခိုက်နည်း ဗျူဟာကတော့ ဒီမိုကရေစီအရေးလိုလားသူများရဲ့ ဌာနချုပ် ဝက်ဘ်ဆိုဒ် များတွင် လိုက်လံ နှောက်ယက်ပြီးကိုယ်ပွားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းပင်ဖြစ်ပါတယ် ။ 

ခုဆို စစ်ခွေးများဟာ အွန်လိုင်းရှိ အင်အားစုများရဲ့ ဝက်ဘ်ဆိုဒ်တိုင်းလိုလိုတွင် နေရာယူထားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှု့တိုင်းကို တိုက်ခိုက်ရန် အသင့်အနေအထားရှိနေပါတယ် ။ 
ကျနော်တို့ ဒီမိုကရေစီလိုလားသူ အင်အားစုများအနေနဲ့ အတူတွဲလက်ညီကာ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များဖြင့် ပြန်လည် တုန့် ပြန်တိုက်ပွဲဝင်နေတုန်းမှာပဲ ကျဆုံးသွားတဲ့ ဌာနချုပ်များစွာ ကို ဝမ်းနည်းစွာနဲ့ တွေ့မြင်နေရပါတယ် ။ 
ဒါပေမယ့် မလျော့ သော ဇွဲလုံးလတို့ ဖြင့် တိုက်ပွဲဝင်ရင်း တရာဝင်လက်နက်ကိုင်သောင်းကျန်းသူကြီးများကို ခုခံကာကွယ်နေပါတယ် ။ 

  

မီဒီယာ သတင်းများအရ စစ်ခွေးများအနေနဲ့ အားလပ်ချိန်များမှာလဲ အွန်လိုင်းရှိအပျော်ခန်းများဖြစ်သော Gtalk , Vco , Facebook များတွင်ဝင်ရောက်အပျော်ကြူးလေ့ရှိပြီး မြန်မာ့သမီးပျို မိန်းကလေးများကို ဖျက်ဆီးနေကြောင်းသိရပါတယ်။ 

ဒီထက်ဆိုးတာကနိုင်ငံ့ဘဏ္ဍာကို ခိုးယူသုံးစွဲနေခြင်းပါပဲ  .. နိုင်ငံ့စရိတ်နဲ့ ပြည်ပသွားစာသင်ပြီးစာမေးပွဲတွေကျမှာဆိုးတဲ့ အတွက်သက်ဆိုင်ရာဆရာ ဆရာမများကိုလည်း လက်ဆောင်ပေးခြင်း ကပ်ဖားယက်ဖားလုပ်ခြင်းများရှိနေတယ်လို့ ခိုင်လုံးသောသတင်းများအရသိရပါတယ်။
နိုင်ငံတော်ကို ကာကွယ်မယ့် တရားဝင်လက်နက်ကိုင် သောင်းကျန်းသူကြီးများရယ် ပြည်သူ့ ဘဏ္ဍာနဲ့ ပြည်ပထွက် စတိုင်ပင် ယူပြီး မည်သည့်ဘာသာရပ်များကို သင်ယူတတ်မြောက်နေသည်မသိ ပြည်ပထွက်မိသားစုအရေးလုပ်ကိုင်ရှာဖွေစားသောက်နေသူများဆီမှ အဓမ္မအခွန်ကောက်ခံယူနေသည့် ငွေများကတော့ စစ်အာဏာရှင်ကြီးများရဲ့ သား သမီး မိန်းမ နဲ့ ဆွေမျိုးများရဲ့တစ်နေ့စာ ပြည်ပတွင်ဈေးဝယ်ထွက် သုံးဖြုန်းနေတဲ့ မုန့် ဖိုးဖြစ်မှန်းမသိဖြစ်နေပါရောလား ။



ခုဆို ပြည်တွင်းစစ်မျက်နှာမှာလဲ စစ်အာဏာရှင်ကြီးများရဲ့ လူစွမ်းကောင်း စူပါမင်း (ကြံ့ဖွတ်) များဟာ ဒီမိုကရက်တစ်အင်အားစုများရဲ့ အလေးထားရသော ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုလဲ "နိုးဘဲ" ဆုရှင် အာဏာရူးမှူးကြီး သန်းရွှေရဲ့ စေခိုင်းမှု့ဖြင့် အနောက်မှတကောက်ကောက်လိုက်ကာ လုပ်ကြံရန် ကြံရွယ်နေပါတယ် ။
ခုအချိန်ဟာ ပြည်တွင်းရှိ အင်အားစုများအနေဖြင့် အမေစု ရဲ့ အသက်ကို အထူးအလေးထား ကာကွယ်ပေးရမယ့် အနေအထားဖြစ်နေပါပြီး ။ 

မြန်မာ့သမိုင်းမှာ တရာဝင်လက်နက်ကိုင်သောင်းကျန်းသူကြီးများရဲ့ လက်နက်ကိုင်အနိုင်ကျင့်မှု့ များဟာလဲ မျက်စိရှေ့မှာတင် ဖြစ်ပျက်ခဲ့ပြီး  ..  စက်တင်ဘာလရွှေဝါတောင်တော်လှန်ရေးမှာပဲ လက်နက်မဲ့ လူအုပ်စုကို လက်နက်ကိုင် အင်အားသုံးဖြိုခွင်းခဲ့ပြီး နိုင်ငံရဲ့ အထွတ်အမြတ်အားထား ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာ ရဲ့ သားတော် ရဟန်များကိုလဲ လူစိတ်မရှိရက်စက်စွာ နှိပ်စက်ညင်းပန်းရက်စက်မှု့များကလဲ နိုင်ငံမှာသာမက ကမ္ဘာပေါ်မှာပါ ကျော်ခဲ့ပါတယ် ။ နောင်လဲ ဘယ်လို အောက်တန်းကျ နည်းလမ်းများကိုသုံးပြီး အာဏာရှင်စနစ် တည်တံ့အောင် စွမ်းဆောင် ဦးမလဲဆိုတာကတော့ သတိဝီရိယထားပြီး စောင့်ကြည့်ရဦးမှာဖြစ်ပါတယ် ။
မြန်မာနိုင်ငံအင်အားကြီးစစ်အာဏာရှင်များ တရာဝင်လက်နက်ကိုင်သောင်းကျန်းသူကြီးများရဲ့ ရွံစရာ ယုတ်မှာမှု့များကိုလဲ နောင်ကြုံရင် ကြုံသလိုဖော်ပြသွားဦးမည်ဖြစ်ကြောင်းသတင်းပါးရင်း ဆောင်းပါးလေးကိုလဲ ဒီလောက်နဲ့ရပ်ပါရစေဦး ။

ကိုတူး (ကလောင်တိုက်ပွဲ)

1 comment:

  1. ကိုတူး စာတွေ Co2 လာဖတ် သွားပါတရ် ခင်ဗျာ၊၊

    ReplyDelete