Tuesday, November 30, 2010

ပညာတတ်ဆိုသည်မှာ

ပညာတတ်ဆိုသည်မှာ 

နိုင်ငံတစ်ခုမှာ အရေးကြီးဆုံးက ပညာရေးပါပဲ ။
ပညာမြှင့် မှ လူမျိုးမြှင့် မည်ဆိုတဲ့ ဆိုရိုးစကားဟာလဲ အလကား မှမဟုတ်တာ ။
အဓိကအားဖြင့် နိုင်ငံတစ်ခုမှာ အုပ်ချုပ်သူလူတန်းစားတွေ ပညာမဲ့ ရင် အဲ့ဒီနိုင်ငံဟာလဲ ဘယ်တော့မှ တိုးတက်နိုင်မည်မဟုတ်တာ အမှန်ပါ ။
ပညာတတ်သူတစ်ဦးရဲ့ တွေးခေါ်မှု့ ပုံစံဟာ ပညာမတတ်သူတွေနဲ့တော့ ကွာခြားမှု့ရှိမှာပဲ ။
နိုင်ငံအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေ ချ တော့မယ်ဆိုရင် တွေးခေါ်မှု့ ဆုံးဖြတ်ချက်တွေဟာ အဓိကကျလာပါလှိမ့်မယ် ။

နိုင်ငံတစ်နိုင်ငံမှာ ပညာတတ်သူတွေတိုးပွား လာတာနဲ့အမျှ အဲ့ဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဝင့်ကြွားစွာနဲ့ရပ်တည်နိုင်တာပါပဲ ။
ယခုခေတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေမှာ ခေတ်ပညာတတ်လူငယ်တွေ တိုးပွားလာတာဟာ စိတ်အားတက်ကြွစရာပါပဲ ။
မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်ရာမှာ လူငယ်မျိုးဆက်သစ်တွေဟာ အရေးကြီးသော အပိုင်းမှာပါဝင်နေပါတယ် ။
ပညာမျက်စိရှိသူများဟာ အမှား အမှန်ကို ခွဲခြားသိရှိနိုင်ပြီး အဆိုးအကောင်းကိုခွဲခြားသိမြင်နိုင်ပါတယ် ။
အထူးသဖြင့် တစ်ကိုယ်ကောင်းမဆန်ပဲ အများအတွက်အားကိုးအားထားရတဲ့ သူမျိုးကိုသာ ပညာတတ်ဟုခေါ်ဆိုထိုက်ပါတယ် ။

ယခု မြန်မာနိုင်ငံကို ဥပမထား မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေသူ ဟာ ခေါင်းဆောင်မှု့ အရည်ချင်း နဲ့ပြည့်ဝမှု့မရှိတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဟာ ဆုတ်ယုတ်လာနေပြီး ပညာရေးဟာလဲ လုံးဝသုံးစားမရတော့တာအမှန်ပါပဲ ။
ဦးသန်းရွှေဟာ သာမန်စစ်သားတစ်ဦးပါ ။ ပညာမတတ်လို့ သာ စစ်ထဲဝင်ခဲ့ရတဲ့ လူစားမျိုးပါ ။
အဲ့လို ပညာမတတ်သူတစ်ဦးဟာ ကိုယ်ကောင်းစားရေးအတွက်သာ ကြည့်ပြီး နိုင်ငံ့အရေး ပြည်သူလူထုအရေးကို လည့်ကို မကြည့်တာပါ ။
စိတ်ထဲမှာ စစ်အာဏာရှင် စနစ်တည်မြဲရေးနဲ့ မိမိ ဇနီးနဲ့ ဆွေးမျိုးများ ကောင်းစားရေးအတွက်သာ နားလည်တဲ့ ခေါင်းမာသော လူစားမျိုးပါ ။
ပညာတတ်သူမဟုတ်တဲ့အတွက် ဘာသာစကားလဲမတတ်  နိုင်ငံတစ်ကာရဲ့ ဝေဖန်ထောက်ပြ မှု့တွေကိုလဲ ဂရုမစိုက် နှိမ့်ကျတဲ့ အတွေးအခေါ်တွေနဲ့သာ ဆုံးဖြတ်ချက်တွေကိုချ နေပြီး နိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မရောက်ရောက်အောင် နှစ်နေတာပါ ။

တစ်ဖက်ကဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မြန်မာသာမက ကမ္ဘာကပါ လေးစားရတဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ။ ပညာတတ်သူ နိုဘယ်ဆုရှင် တစ်ဦးပါ ။
ပညာတတ်သူတစ်ဦးဖြစ်တဲ့အတွက် ဆိုးရွားလွန်းတဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် နေပြီး အရာရာပြီးပြည့်စုံတဲ့ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတာပါ ။ ပညာတတ်သူဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဆက်ဆံနိုင်တယ် .. လူ့အခွင့်အရေးကို နားလည်တယ် ။
မိမိကိုယ်ကျိုးကိုစွန့်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်နေတဲ့ ပညာတတ်အမျိုးသမီးတစ်ဦးပါပဲ ။

နောက် အကောင်းဆုံး ဥပမာ တစ်ခုကို ကြည့်မယ်ဆိုရင် မြန်မာ့အနုပညာရှင်တွေထဲက ရုပ်ရှင်မင်းသား လွင်မိုးနဲ့ အဆိုတော် ဟန်ထူးလွင်တို့ ကို ယဉ်ကြည့်ကြရအောင် ..
သူတို့ တွေကို အနုပညာရှင်တွေဆိုတာ ဘေးဖယ်ထားပြီး သာမန်ပြည်သူတွေအနေနဲ့ပဲဆိုရင်  ..
ပညာတတ်သူ ဆရာဝန်လဲဖြစ်တဲ့ ဟန်ထူးလွင်ရဲ့ တွေးခေါ်မှု့အပြုအမူတွေနဲ့ ၁၀ တန်းတောင်မအောင်တဲ့ လွင်မိုးတို့ ဟာ အလွန်ကိုကွာခြားနေတာ တွေ့ရပါလှိမ့်မယ် ။
ပညာတတ်တဲ့ သူ မွန်မြတ်လှတဲ့ ဆရာဝန်စိတ်ထားလဲရှိတဲ့ ဟန်ထူးလွင်ဟာဆို သူ့ ရဲ့ အနုပညာရှင်ဘဝကို ဂရုမစိုက်ပဲ  .. လိုအပ်နေတဲ့ သူတွေကို ကူညီဖို့  ဆိုတဲ့ အတွေးစိတ်နဲ့ ကိုယ်တတ်ထားတဲ့ ပညာကို အသုံးချပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လူမှု့ရေး ကိစ္စတွေကို ဆောင်ရွက်နေသူတစ်ဦးပါ ။
အဲ့မှာ ပညာအရည်အချင်းက စကားပြောတာပါပဲ ။
၁၀ တန်းတောင် မအောင်တဲ့ လွင်မိုးဟာ ကြံ့ဖွံ့ ပါတီ ရဲ့  မဲဆွဲမှု့ အစီစဉ်တွေမှာ ပါဝင်ခဲ့ပြီး  .. ကိုယ်တိုင်တောင် အမှတ်လောင်းလုပ်ဦးမယ်ဆိုတဲ့ နှိမ့်ကျတဲ့ အတွေးအခေါ်နဲ့လူမျိုးပါ ။

လူတစ်ဦးဟာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်မှု့ကို အကျိုးရှိစွာ အသုံးချ တတ်ဖို့ တော့လိုတယ်ဆိုတာ ပညာတတ်သူများသာ သိနိုင်မှာပါ ။
လူတစ်ဦးရဲ့ အဆင့်အတန်းကိုအဲ့ဒီလူရဲ့လုပ်ရပ်တွေက ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပါ ။ လောဘနဲ့အမှောင်စိတ်တွေ ဖုံးလွမ်းနေသူတွေအဖို့ သူများတွေကဘယ်လောက်ပဲကြိုးစားပြီး အလင်းရောင်တွေထွန်းပြနေပါစေ ငရဲပန်းကို နတ် ပန်းထင် နေ တဲ့ လူမျိုးများသာဖြစ်ပါတော့တယ် ။

သက်အောင် (ကလောင်တိုက်ပွဲ)

2 comments:

  1. ဟုတ်ပါတယ် ပညာပဲတတ်ပီး ပညာမရှိ တဲ့ လူတွေလေ

    ReplyDelete
  2. မင်းတို့ တက်ရင် လုပ်ကြပါလား ငါ့တူတို့ရယ် ဘာလို့ သူများတွေကိုပြောနေတာလဲ တန်းဖို့ရှိတဲ့ အချိန်တွေကုန်ပါတယ် လုပ်နိုင်တယ်ထင်ရင်လုပ်ကြည့်လိုက် ပေါ့ ...

    ReplyDelete