Friday, November 5, 2010

ဘာတွေဖြစ်လာနိုင်လဲ ?

ဘာတွေဖြစ်လာနိုင်လဲ ?



ရွေးကောက်ပွဲ အတွက် မြန်မာနိုင်ငံမှာ အတိုက်အခံ ပါတီ တွေ သူနိုင်ကိုယ်နိုင် အပြိုင် စည်းရုံးရေးတွေဆင်းနေကြတဲ့အချိန်ဖြစ်ပါတယ်
ပိုက်ဆံ တက်နိုင် အင်အားကြီး ပါတီ တွေကတော့ ငွေအား လူအား အလုံးအရင်းနဲ့ အကျပ်ကိုင်နိုင်တဲ့ အခြေအနေပါ ..
ခု နောက်ပိုင်း ရတဲ့ သတင်းထူးက ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မတိုင်မှီ လွတ်လာနိုင်တယ် ရှိသလို ပြီးမှလဲ
လွတ်ပေးနိုင်တယ်လို့  အမျိုးမျိုး ကြားနေရပါတယ် .
ဘာတွေဖြစ်လာမယ်ဆိုတာတော့ စောင့်ကြည့်ရတော့မှာပဲ ..
စစ်မှန်သော ဒီမိုကရေစီ အရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမှီပြုနေတာ မှန်ပါတယ်
ဒါပေမယ့် ဒေါ်စု နဲ့ ရွေးကောက်ပွဲ က ဘာမှမဆိုင်သလိုဖြစ်နေပါတယ်  .. သူ လွတ်လာရင်ကော ဘာတွေလုပ်ပေးနိုင်မလဲ ..
အမေစု လွတ်လာတယ် ထားဦးတော့ အာဏာက သူတို့ လက်ထဲမှာ ..
စစ်အာဏာရှင်တွေကတော့ မရ ရအောင် ရွေးကောက်ပွဲကိုကျင်းပ မှာပါပဲ .


အာဏာရှင်တွေအနေနဲ့ လူတွေမဲပေးလာအောင် ဆွဲဆောင်ပိုင်ခွင့်ရှိသလို ရွေးကောက်ပွဲကို မလိုလားသူတွေကိုလဲ လွတ်လပ်ခွင့်ပေးသင့်ပါတယ် ။
ခုတော့ စစ်အာဏာရှင် တွေဟာ ရှိတဲ့ ပြည်သူအကုန်ကို အစိမ်းရောင် ဝတ်စုံတွေ ဝတ်ဆင်စေချင်နေတာပါ
ဆိုက်ကား ဆရာတွေတောင် မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ် ကြံ့ဖွံ့ကပေးတဲ့ စည်းရုံးရေး အင်္ကျီတွေနဲ့ ရှိုးများနေတယ်ဆိုပဲ ..
ကြံ့ဖွံ့ ပါတီက မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး မဲဆွယ်နေတာကြောင့်  မဟာမိတ် ပါတီ တ.စ.ည တောင် မခံနိုင်တော့ပဲ ရွေးကောက်ပွဲ ကော်မရှင်မှာစကားများနေကြပါပြီ ..
မဲဆွယ် တယ်ဆိုတာထက် မဲခိုးနေတာပါ..


တကယ်ဆို မဲဆွယ် တာဟာ နိုင်ငံအတွက် ကောင်းကျိုးပြုပြီး ပြည်သူတွေ လက်ခံအားကိုးလာအောင် လုပ်ဆောင်သင့်တာပါ ..
ဒီလိုဆို ရခိုင်လေဘေး ကို သူတို့ ပြေးမမြင်ကြဘူးလား ကျနော်တွေးမိပါတယ် ..
ခုတော့ မြန်မာနိုင်ငံမှာ လေဘေးနဲ့ ပတ်သက် ပြီး ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ များတောင် မထင်ကြရော့လား ?
သူများ နိုင်ငံတွေမှာ တစ်ခုခုဖြစ်ပြီဆို ခေါင်းဆောင်ပိုင်းတွေကစပြီး ပြည်သူတွေကို ဂရုစိုက်မှု့ရှိပါတယ် ..
ကျနော်တို့ အစိုးရကတော့ ပြည်သူတွေ စိတ်ဆင်းရဲမှာ စိုးလို့ လား မသိ သတင်းစာထဲတောင် ဖော်ပြခြင်းမရှိပါဘူး ..
သူတို့ လဲ ပြည်သူတွေကို ချစ်တတ်လာပါပြီ
ကျနော် သိတာလေးပဲ ပြောဦးမယ်
US မှာ စစ်သားတွေ တိုက်ပွဲ ကျရင်တောင် အခမ်းအနားနဲ့ သဂြိုလ်ပေးတာပါ  ..
သမ္မတကိုယ်တိုင်ကဝမ်းနည်းကြောင်း သဝဏ်လွှာရေးပို့ ရတာပါ ..
မြန်မာနိုင်ငံမှာတော့ စစ်သားတွေ တိုက်ပွဲကျရင် ရှိတဲ့ ဝတ်စုံကို ယူထားပြီး အလောင်းကို တောထဲပစ်ထားခဲ့တာပါ ..
ပြည်သူ ဘဏ္ဍာ ချွေတာတဲ့ သဘောပါ .. သူတို့ သားသမီးတွေကို ပြည်ပမှာ ကျောင်းထားပြီးပညာသင်စေဦးမှာဆိုတော့
မြန်မာနိုင်ငံ စစ်အစိုးရရဲ့ တပ်မတော် အတွက် စေတနာကတော့ ရှယ်ပဲ ..

credit go to Ko Myoe

ခုဆို ပြည်သူတွေ လိုလားခဲ့တဲ့ စစ်မှန်သော ရွေးကောက်ပွဲ ကို လဲ မေ့ထားခဲ့ပြီး ..
နိုင်ငံ ရေးအကျဉ်းသားတွေကိုလဲ ပြန်လည်လွတ်ပေးခြင်းမရှိ .. မီဒီယာလွတ်လပ်ခွင့်ကို လဲ ထိန်းချုပ်ထားပြီး
လူ့ အခွင့်ရေး လုပ်ရှားသူတွေကိုတောင် သံတိုင်တွေကြားပိုပို့ နေတဲ့ ခေတ်မှာ ရွေးကောက်ပွဲကျင်းပတယ်ဆိုတော့ .. ရွေးကောက်ပွဲအသစ် နဲ့ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်အောင်သာ ယုတ်ညံ့တဲ့  ကြံဆောင်မှု့တွေလို့ ပဲ မြင်မိတယ်
ပြည်သူတွေအနေနဲ့ တတ်နိုင်တာက ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ဖို့ ပါပဲ ..
ခုဆို မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲ့စည်းတွေဟာလဲ တောင်းဆိုထားပြီးပါပြီ  ..
ရွေးကောက်ပွဲ ကိုလက်မခံဖို့  ..
အဓိက ကတော့ ကိုယ့်သေတွင်း ကိုယ် မတူးမိဖို့ ပါပဲ..
တကယ်တော့ ကျနော်တို့  မီဒီယာတွေက ဘာတွေပဲလုပ်နေ ဘယ်လောက်ပဲ တိုက်တွန်းနေနေ ..
လူဆိုတာ ကိုယ်စိတ်ပါမှ အလုပ်တစ်ခုကို လုပ်တတ်ကြတဲ့ အမျိုးပါ ..
ဒါပေမယ့် စိတ်မပါပဲ ကြောက်လန့်စွာနဲ့ အာဏာရှင် စနစ်အောက်ပြားပြားဝပ်နေတာကတော့ သဘာဝတရားနဲ့ ဆန့်ကျင် ပဲဗျို့
တကယ်ပါ ကျနော်တို့ မြန်မာတွေ လွတ်လပ်မှု့ကို တကယ်လိုလား လာတဲ့အခါ မြန်မာနိုင်ငံကြီး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်နိုင်မှာပါ


ခုတော့ .. အရေးကြီးလာ တဲ့ အချိန်မှာ သွေးစည်းပြီး ဆုံးဖြတ်ချက်မမှားစေဖို့ တိုက်တွန်းရင်း ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို တွေးရင်း ဆောင်းပါးလေးကို တစ်ခန်းရပ်ပါရစေဦး ။

သက်အောင်(ကလောင်တိုက်ပွဲ) 

No comments:

Post a Comment