Thursday, November 11, 2010

အမိမြေကို မျက်ရည် တိတ်စေမှာပါ

အမိမြေကို မျက်ရည် တိတ်စေမှာပါ

ရွေးကောက်ပွဲ သာ ပြီးသွားတယ် အများမျှော်လင့်ထားတဲ့ သန့်ရှင်းသော ဒီမိုကရေစီ အရေးကို ခေါ်ဆောင်သော ရွေးကောက်ပွဲမဖြစ်လာခဲ့ပါဘူး ။
ဒီလိုတွေဖြစ်လာမယ် ဆိုတာကို ကြိုသိခဲ့ရဲ့သားနဲ့ ဘာမှ လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိတဲ့ ကျနော်တို့  အားလုံး ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်သင့်တော့တယ်  .. ။


ခုဆို ဒီရွေးကောက်ပွဲရလဒ်ကို လိုက်ကိုင်ထားပြီး စစ်အစိုးရဟာ ကျုပ်တို့ ရဲ့ နိုင်ငံကို စစ်အာဏာရှင်စနစ်အောက်ခေါ်ဆောင် သွတ်သွင်းတော့မယ် ။
ကျင်းပပြီးတဲ့ ရွေးကောက်ပွဲဟာ တရားမျှတ မှု့ မရှိတဲ့ အတွက်  မြန်မာလူထုတရပ်လုံးနှင့်အတူ နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ ၊ ၈၈မျိုးဆက်ကျောင်းသားများ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂ များ အဖွဲ့ချုပ်တို့က ကြော်ညာချက်တွေ  ထုတ်ပြန်နေပေမယ့်  တကယ် အကျိုးသက်ရောက်မှု့ရှိစေလားဆိုတာကိုတော့ အားလုံးနားလည်မှာပါ ။
တကယ့် လက်တွေ့ လှုပ်ရှားမှု့တွေ မရှိသေးပါဘူး ။ အင်တာနက် စာမျက်နှာတွေပါ ကြော်ညာချက် အမိန့် တွေ ထုတ်ပြန်နေရုံ နဲ့ ဘာမှထူးခြားမှု့ရှိ လာ နိုင်မှာမဟုတ်ပါဘူး ။


မတရားမမျှတတဲ့ ရလဒ် နဲ့ အတူ ကျနော်တို့ တွေ စစ်အာဏာရှင် စနစ်အောက် ပြန်လည် ခေါင်းငုံ့ နေပြီး မတရားအနိုင်ကျင့်မှု့တွေကို ခံနေဦးမှာလား ဆိုတာကို တွေးမိစေချင်တယ် ။
စစ်အစိုးရက ဒီ ရွေးကောက်ပွဲ ကို သူတို့ အပိုင် မနိုင်နိုင်အောင် ပုံသွင်းခဲ့တာပဲ ။
ယခု အခြေအနေ အရဆိုရင် ကျနော်တို့  လူထု အားလုံး ရွေးကောက်ပွဲ ကို ထပ်မံ ကျင်းပ ရန် အဆိုတင်သွင်းရန် လိုလာပါပြီ ။ နိုင်ငံတကာမှာ လှုပ်ရှားမှု့တွေရှိရမယ် .. မြန်မာ့ အရေး တက်ကြွ
လွတ်လာတဲ့ အခါမှာလဲ လွတ်လပ်မှု့ နဲ့ လူ့အခွင့်ရေး တွေကို မျှတစွာ ခံစားခွင့်ရှိမှသာလျှင် စစ်မှန်သော လွတ်လပ်ခြင်းလို့ အသိမှတ်ပြုနိုင်မှာပါ ။

ခု ပြည်ပမှာ မြန်မာ့ အရေး လှုပ်ရှားနေသူတွေ အောင်မြင်သင့်သလောက်မအောင်မြင်တာ နိုင်ငံတကာကပေးတဲ့ ထောက်ပံ့ကြေးတွေကို ကိုယ့်အိပ်ထဲ သိမ်းကြုံး ခိုးစားနေတဲ့ အတုအယောင် နိုင်ငံရေးသမားတွေရှိနေလို့ ပါပဲ ။
ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ် အဲ့လို လုပ်စားပြီး ကြီးပွားနေတဲ့ သူတွေ အများကြီးပါ နိုင်ငံအရေး လို့ သာ အော်နေပြီး တကယ်တမ်းမှာ အဲ့လူတွေသာ အိမ်တွေဝယ် ကားတွေဝယ်နဲ့ စိုပြည်နေကြတာပဲ ။
ကျနော်တို့  လူငယ်တွေထဲမှာ နိုင်ငံ့ အရေးကို လုပ်ရှားနိုင်သူ သိပ်မများပါဘူး ။
ပညာရေး က ရှိနေတာရယ် .. ပြည်ပရောက်သူတိုင်း ပြည်တွင်းမှာ  မိသားစုတွေ ကျန်ခဲ့နေတာရယ်ကြောင့် အားလုံးကို မေ့ထားကြရပါတယ် ။


လူငယ်တွေပဲ နိုင်ငံအရေး အသာထား ပျော်ပျော်နေချင်တာပေါ့
ဒါပေမယ့်  ကျုပ်တို့ မြန်မာလူငယ်တွေအတွက် နိုင်ငံရဲ့ အရေးကို မေ့ထားလို့ မရသေးပါဘူး ။
မြန်မာနိုင်ငံရဲ့ အရေးဟာ ကျုပ်တို့ ရဲ့ ပခုံးပေါ်မှာရှိနေတာပါ ..
လွတ်လပ်ရေးအတွက် အားလုံး တက်ညီလက်ညီ ပခုံးနဲ့ ထမ်းတင်ရမယ့် အခြေအနေပါ ။

ဗန်မော်တင်အောင်

    လူတစ်ယောက်ရဲ့ တန်ဖိုးဟာ   
    သူဖြတ်သန်းခဲ့တဲ့ ခေတ်တစ်ခေတ်ရဲ့   
    သူ့ပုခုံးပေါ်မှာ တင်ပေးလိုက်တဲ့   
    သမိုင်းပေးတာဝန်ကို   
    သူဘယ်လောက်ကျေပြွန်အောင်   
    ထမ်းဆောင်နိုင်တယ်ဆိုတဲ့   
    အချက်ပေါ်မှာ မူတည်တယ်။

ဒီစာကြောင်းလေးတွေကိုပဲ ဖတ်ဦးတော့  ..

ကျုပ်တို့ အားလုံးမှာ သမိုင်းပေးတာဝန်ဆိုတာ ရှိပြီးသားပါ ။
မေ့ချင်ယောင်ဆောင် နေ မယ့် သူတွေနဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သူ ရယ်  နှစ်မျိုးပဲရှိတာပါ ။

ကျနော်တို့  တိုင်းပြည်အပေါ် တာဝန်ကျေပြွန်ကြပြီ ဆိုရင် ကျနော်တို့  အားလုံး  .. လူငယ်တွေအားလုံးဟာ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီအရေးကို ဖော်ဆောင်မယ့် မြန်မာ့သမိုင်းထဲက တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်ပြီပေါ့ ..

မြန်မာလူငယ်တွေအားလုံး ပြည်ပမှာ ပညာတွေ အတတ်ပညာတွေ နည်းပညာတွေ ဆည်းပူးလေ့လာ သင်ယူကြတဲ့ အခါ အမိမြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်အောက်ပြားပြားဝပ် ပြီး ကျုပ်တို့ ညီအစ်ကိုသွေးချင်းတွေရဲ့ ငိုကြွေးသံတွေကို
ကြားယောင်လိုက်ပါ ။

ကျုပ်တို့ ရဲ့ အနာဂတ် ခွန်အားတွေဟာ အမိမြန်မာပြည်ကို ပေးဆပ်ဖို့ ဆိုတဲ့ စိတ်လေးရှိလာမယ်ဆိုရင် ကျုပ်တို့ မြန်မာနိုင်ငံနဲ့ ညီအစ်ကိုသွေးချင်းတွေ ရဲ့ မျက်ရည်ကို တိတ်စေမှာပါ ။

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment