Saturday, November 13, 2010

ခွန်အားသစ်တွေနဲ့ ဒီမိုကရေစီပန်းတိုင်ဆီ သို့  ...

ခွန်အားသစ်တွေနဲ့ ဒီမိုကရေစီပန်းတိုင်ဆီ သို့ ...


ကျနော်တို့  အားလုံးမျှော်လင့်ထားသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လိုက်ပါပြီ ..
အမေစု ကျန်းမာပါစေ ။
မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အရေးကို အောင်မြင်မှု့တွေ စွမ်းဆောင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းအပ်ပါတယ်
အမိမြေ အတွက် လွတ်လပ်မှု့ကို ကြိုးပမ်းရင်း အာဏာရှင်စနစ်ရဲ့ ယုတ်ညံ့မှု့တွေအောက်မှာ သူမရဲ့ လူ့ အခွင့်ရေးတွေကို အဆုံးရှုံးခံပြီး တိုင်းပြည်အတွက်ပေးဆပ်ခဲ့တာပါ ။
ဒါပေမယ့် ညိနှိုင်းဆွေးနွေးမှု့တွေ အပြီး မှာတော့ ယနေ့ ညနေ ၆ နာရီခန့်မှာ လွတ်လာခဲ့ပြီး ..ပြည်သူလူထုနဲ့ စတင် တွေ့ရှိခဲ့ပါတယ် ။ လွတ်လာတာနဲ့  အသင့်ကြိုဆိုနေတဲ့ ထောင်ပေါင်းများစွာသော လူထုရဲ့ အလယ်မှာ ရင်ရင့်သောအားမာန်အပြည့်နဲ့ အပြုံးရှင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုခဲ့ကြပါတယ် ။
ကျနော်ဒို့ မြန်မာနိုင်ငံသားတွေရဲ့ အလိုအပ်ဆုံးသော  .. အမျှော်လင့်ဆုံးသော တိုင်းပြည်ရဲ့ အဖိုးတန် ရတနာတစ်ပါးပါပဲ ။ ကျနော်တောင် အမေစု လွတ်ပြီဆိုတဲ့ သတင်းကိုကြားလိုက်တော့ ဝမ်းသာလွန်းလို့  မျက်ရည်တောင်ကျမိပါတယ် ။
ဝမ်းသာမှု့နဲ့အတူ စိုးရိမ်မှု့တွေကိုပါ ခံစားမိခဲ့ပါတယ် ။ အမေစု သူမရဲ့ ရရှိသင့်ရရှိထိုက်တဲ့ လွတ်လပ်မှု့တွေရရှိနိုင်ပါ့မလား ။ ဘယ်တော့များ နောက်တစ်ခါ အထိန်းသိမ်းခံရဦးမလဲ ဆိုတဲ့ သောကတွေဟာ ကျနော့် စိတ်ထဲ ဝင်ရောက်လာပါတယ် ။
သူမလဲ အသက်ကြီးလှပါပြီ ဒါပေမယ့် အားမာန်အပြည့်နဲ့ ရုပ်အသွင်ကတော့ နဂိုအတိုင်းပါပဲ ။
ခုဆို အမိမြေရဲ့ မျှော်လင့်မှု့အိပ်မက်တွေကို လက်တွေ့မှာ စွမ်းဆောင်နိုင်တော့မယ့် လူတစ်ဦး အချုပ်အနှောင်တွေကြားက လွတ်မြောက်လာခဲ့ပါပြီ ။
ဒီအချိန် မြန်မာနိုင်ငံသား အားလုံးအတွက် အပျော်ဆုံးအချိန် ဖြစ်ကောင်းပါရဲ့ ။
ကဲ .. အားလုံးသော မြန်မာနိုင်ငံသားများ ခွန်အားအသစ်တွေနဲ့ ဒီမိုကရေစီပန်းတိုင်ဆီ သို့  ချီတက်ကြရအောင်လား ။ ။

သက်အောင် ( ကလောင်တိုက်ပွဲ )

No comments:

Post a Comment