Monday, December 20, 2010

အမိယုတ် စစ်ခွေးသားများ

အမိယုတ် စစ်ခွေးသားများ

လူတွေအားလုံးမှာ   မွေးကတည်းက တတိယမျက်လုံးဆိုတာ ပါလာခဲ့ပြီးသာပါ လူတွေရဲ့စိတ်ပေါ့ အဲ့ဒီ စိတ်ဟာ အကောင်း အဆိုး အမှားအမှန် ကို ခွဲခြားသိမြင်နိုင်တယ်။ အလွန်ကို နူးညံ့လွန်းပါတယ်။ ထိခိုက်ပွန်းပဲ့အလွယ်ကူဆုံးပါပဲ ။ အဲ့ဒီ  စိတ်ဟာ ကျနော်ဒို့တွေ အသက်ကြီးပြင်းလာတဲ့နှင့်အမျှ အတွေ့အကြုံတွေ ရင့်ကျက်လာပြီး ကျနော်တို့ ရဲ့ ခန္ဓာကိုယ် ထိန်းချုပ်မှု့တွေရှိလာတာပါပဲ။ အဲ့ဒီကောင်းမွန်တဲ့ စိတ်ကိုရရှိဖို့ အတွက် ထိန်းကျောင်းပေးတာကတော့ အဲ့ဒီ စိတ်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းပါပဲ။ 

တံငါ နားနီး တံငါ မုဆိုး နားနီး မုဆိုး ဆိုတဲ့ဆိုရိုးကလဲရှိသေးတာကို။ ”အမိယုတ်တော့နှုတ်ကြမ်း”ဆိုသလိုပေါ့။ ခုကျနော်တို့ လူ့ ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာလဲ ငယ်စဉ်ကတည်းက စိတ်ဆိုးစိတ်ညစ်တွေရှိတဲ့ အသိုင်းအဝိုင်းမှာ ကြီးပျင်းလာခဲ့ရတဲ့ လူဆိုးလူညစ်တွေကိုလဲ တွေ့နေရပါတယ် ။ အကောင်းဆုံး နမှုနာပြမယ်ဆိုရင် တပ်မတော် နဲ့ စစ်တပ်ကိုသာ ကြည့် ရှင်းရှင်းလင်းလင်းကို သိရမယ် ။စစ်ခွေးတွေအတွက်မိုက်ရိုင်းတယ်  လူမဆန်တဲ့အပြုအမှုတွေလုပ်တယ် ဆိုတာအဆန်းမှမဟုတ်တော့ပဲ။ သူဒို့တွေ ကြီးပြင်းလာရတဲ့ လူနေမှု့အဆင့်အတန်းနဲ့ စရိုက်တွေကလဲ မေ့ထားလို့ မှမရပဲ။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ရဲ့ အတိုက်အခံဖြစ်တဲ့အတွက် စစ်ခွေးသား အမိယုတ်သားတွေအတွက် နိုင်ငံရေးအရ လေးစားမှု့မရှိရင်တောင် လူမှု့ရေးအရတော့ လေးစားမှု့ရှိသင့်ပါတယ် ။ အမေစုဟာ ကျနော်ဒို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ ပညာရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး နိုင်ငံသားအားလုံးအတွက် တူညီတဲ့ လူ့ အခွင့်အရေးတွေကို ဆောင်ရွက်နေတဲ့ သူ၊ မြန်မာသာမက ကမ္ဘာကပါ လေးစားရတဲ့ နိုဘယ်ဆုရှင် တစ်ဦးပါ ။ ပြီးတော့ လူ့ ယဉ်ကျေးမှု့အရ ကြီးသူကိုရိုသေ ဆိုသလို ဒေါ်စု ဟာ စစ်ခွေးအားလုံး ရဲ့ အသက်ထက် ကြီးရင့်ပြီး အစစအရာရာမှာ သာလွန်နေတဲ့ အမျိုးသမီးတစ်ဦးပါ ။ဒေါ်စုဘာတွေသာလွန်နေလဲ မေးလာခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးအဖြေဟာ စစ်အစိုးရ နှင့် စစ်အာဏာရှင်စနစ်ကို ထောက်ခံခဲ့မှု့ မရှိခြင်းပါပဲ။

စစ်ခွေးတွေပြောတတ်ပါတယ် စစ်သားဆိုတာတိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့ သစ္စာအဓိဋ္ဌာန်ပြုထား တဲ့သူတွေဆိုပဲ။ ဟုတ်တာပေါ့ .. စစ်အစိုးရအုပ်ချူပ်နေတဲ့ တိုင်းပြည်နဲ့ စစ်အာဏာရှင်အမျိုးယုတ်တွေကိုပဲ ကာကွယ်နိုင်တာ အမျိုးဘာသာသာသနာအရေးကျတော့ ဖျက်ဆီးပစ် ပါလေရောလား ။ သက်ကြီးရွယ်အိုတွေကို ရိုသေဖို့ ကိုဘေးဖယ်ထားဦး။ ဗုဒ္ဓရဲ့သားတော်တွေကိုတောင် အသေရိုက်ပါတယ်ဆိုမှ ဗုဒ္ဓ ရဲ့ အဆုံးအမတွေ ဘယ်တွေပျောက်ကုန်ပြီလဲဆိုတာ အံ့သြစရာပါပဲ ။ အမိယုတ်သားတွေအတွက် ကိုးကွယ်ရာဆို သန်ရွှေ နဲ့ ဇနီး သားသမီးများပဲကျန်တော့ မှာပေါ့။ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေနဲ့ နိုင်ငံတော်ကပြုစုမွေးထုတ်ပေးပါရဲ့ ဒါပေမယ့် လူ့ ပတ်ဝန်းကျင် မှာ သောင်းကျန်းနေတာများ တကယ့်ကို အောက်တန်းစား စိတ်ဓာတ်တွေပဲ ။ 

အခု စစ်အစိုးရအားပေး ဘလောဂ်တွေမှာ သောင်းကျန်းနေတဲ့ စစ်ခွေးတွေအတွက် ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ စစ်အစိုးရ အတိုက်အခံတွေကို ရိုင်းပြစွာဆဲဆိုနေခြင်းဟာ အထက်အရာရှိတွေနဲ့ သက်ဆိုင်သူတွေကို အလိုတော်ရီး လုပ်ပြီး အရသာရှိကောင်းရှိနေပါလှိမ့်မယ် ဒါပေမယ့် သူတို့ ကိုမွေးထုတ်ပေးလိုက်တဲ့ မိဘ ၊ နိုင်ငံ နဲ့ တပ်မတော်ရဲ့ သိက္ခာကတော့ အဖတ်ဆယ်လို့ မရနိုင်အောင်ပါပဲ ။ 

သက်အောင်(ကလောင်တိုက်ပွဲ)

5 comments:

  1. သက်အောင် ...သက်အောင်...မင်း ဆေးစစ်သင့်နေပြီ။ မင်းရူး ရင်ရူး မရူးရင် ကြောင်နေပြီ ငါ့ညီရ။
    မင်း ဘလော့ ကြီးက ရေးတာတွေ ကဘာအနှစ်သာရမှလဲ မရှိဘူး။ လမ်းဘေးက သူတောင်းစား ဒံပေါက်မစားနိုင်လို့ စားနေတဲ့ သူတွေကိုကြည့်ပြီး ကျိန်ဆဲ နေတဲ့ အထာကြီးတွေ ဖြစ်နေတယ်။ ပို့စ်နဲ့ မတူ ၊ ဆောင်းပါး မဟုတ် ၊ သတင်း မမှန်နဲ့ ငါ့ ညီ မင်းရေးနေတာတွေ ကဘာတွေ လဲ? ဘယ်သူမှ ဖတ်မယ့် လူမရှိလို့ ငါတို့တွေ ရှိတတ်တဲ့ နေရာတွေကို လင့်ခ်တွေ လာလာချပေးတာလား?ငါတို့တွေ ကခောတ်ပညာတတ်တွေနော် ငါ့ညီ။မင်း ရေးတဲ့ပုံစံတွေ ကို ကြည့်ပြီး မင်းဘယ်လောက်ပဲ အသိဥာဏ်အဆင့်အတန်းရှိတယ် ဆိုတာကို ခန့်မှန်းနိုင်တယ် ငါ့ညီရ။ မင်းရေးတာတွေ ကို ဘာမှ ထောက်ပြရှင်းပြမနေတော့ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ငါတို့ကလူနားလည်အောင်ရှင်းပြလည်း မင်းရဲ့ လက်ရှိအသိဥာဏ်က လူအဆင့်မှာ မရှိသေးဘူးဖြစ်နေတယ်။ ဒီတော့ မင်းကို အကြံတခုပေးလိုက်မယ်။ ဘလော့ဂ်ဂါလုပ်ချင်ရင်လည်း သင်ယူပါဦး။ပြီးရင် ကြိုးစား။ဟုတ်ပြီလား..။ဒီပုံစံနဲ့ဆက်သွားလို့ကတော့ နောက်မင်းဘလော့ဂ်က မင်းတယောက်ပဲရှိလိမ့်မယ်ငါ့ညီ....
    မင်းနုပါသေးတယ် ငါ့ညီရာ...မတန်ရာတွေ မမှန်းနဲ့ ဟုတ်ပြီလားး ရူးသွားမှာဆိုးလို့ စေတနာနဲ့ အကြံပေးတာ..
    ခုတော့ လစ်ပြီ ငါ့ညီရေ......

    ReplyDelete
  2. အင်းအဲ့တော့လဲ လွတ်ထားလိုက်ပေါ့ လူတွေအားလုံး ရူးနည်းပေါင်းစုံ နဲ့ရူးနေတာပဲ ဒါပေမယ့် အာဏာမရူးတဲ့သူတွေက ခင်ဗျားဒို့လို အာဏာရူးတွေထက်တော့ တစ်မူးသာနေဦးမှာပဲ ။

    ReplyDelete
  3. အရှက်တရားနဲပါးလှကြီးလား ရဲကြီးရယ်
    အေးပါဟုတ်ပါတယ် မင်းတို့ ပဲတော်ပါတယ် ခေတ်ပညာတတ်ကြီးတွေရယ် ခေါင်းမပါပဲ နိုင်ငံကိုအုပ်ချုပ် မင်းလုပ်နေတာ ၊ အနိုင်ကျင့်ခံနေရတဲ့ ငါတို့ ပြည်သူတွေကသာ ညံ့နေတာ ။

    ReplyDelete
  4. ပြောစမ်း
    ပေါက်ကရ

    ReplyDelete
  5. တိုက်သာတိုက် လိုက်စမ်းပါ စစ်သား စစ်တိုက်ရင်သေတာမဆန်းပါဘူး လူပါးဝနေကြတယ် ပြည်ပစစ်ဖြစ်ပါစေဗျာ....ဒါမှ ဒီကောင်တွေသိမှာစစ်တပ်ရဲ့ တန်ဖိုးကို

    ReplyDelete