Tuesday, November 2, 2010

အချိန်မှီသာ ပြင်ဆင်ကြမယ်ဆိုရင်

အချိန်မှီသာ ပြင်ဆင်ကြမယ်ဆိုရင်


မဲပေးပွဲက အခုဆို အလွန်နီးလာပါပြီ ..
မဲပေးပွဲ နီးလာတာနဲ့ အတူ ကောလဟာလ တွေကလဲ အမြဲကြားနေရတာပါပဲ ..

ဒါပေမယ့် မဲ က ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ လက်ထဲမှာရှိနေတာပါ ..
မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာဖြင့် မြန်မာလူမျိုးတွေရဲ့ လက်ထဲမှာပဲရှိနေတာပါ ။
မဲ ပုံး ထဲ ရောက်နေပြီးသားမဟုတ်ပါဘူး ..
ကိုယ့် လွတ်လပ်ခွင့်ကို လုယူ အနိုင်ကျင့်ခံရတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါဘူး ..

ကြားနေတဲ့ သတင်းတွေအရ ကြံ့ဖွံ့ပါတီ က မဲ မပေးရင်တောင် နိုင်နေပြီဆိုပဲ .. အစိုးရတောင် ကြိုဖွဲ့နေပြီ ..
အဲ့လို မဟုတ်တဲ့ သတင်းတွေ နဲ့ အတူ စစ်အစိုးရဟာ အားလုံးကို စိတ်ဓာတ်စစ်ဆင်ရေး နဲ့ တိုက်ခိုက်နေတယ်လို့ ကျနော် ထင်မိပါတယ် ။

အဲ့လိုမှသာ လူတွေက "ငါတို့  မဲ မပေးလဲ သူတို့ နိုင်ပြီးသာပဲ ဘာလို့  ကိုယ့်ဒုက္ခ ရှာပါ့မလဲ" ဆိုပြီး အမှန်တွေခြစ်ပေးလာမှာပါ ။

ခုလို အနေဆို မဲ က စစ်အစိုး ရအတွက်ပဲဖြစ်နေပြီး ..
မတရား မှု့တွေနဲ့ စည်းရုံး မဲပေးခိုင်း အတင်းအဓမ္မ ဖိနှိပ်နေပြီး နိုင်ငံကို စစ်အာဏာရှင် စနစ်အောက် ပြန်လည်ခေါ်ဆောင် .. မြန်မာနိုင်ငံကြီးကို အစီစဉ်တကျ ဖျက်ဆီး နေကြတာပါ ။

လက်ရှိအခြေအနေ အရ နိုင်ငံကိုမွဲအောင်လုပ်ခဲ့တဲ့ မ.ဆ.လ ပါတီ .. ခုတော့ တ.စ.ည ကိုလဲ အားကိုးယုံကြည်လို့ မရသလို ..
မျှော်လင့်နေတဲ့ ဒီမိုကရက်တစ် အင်အားစုတွေဟာလဲ အားရစရာမရှိတာအမှန်ပါ ..

ဘာပဲဖြစ်ဖြစ် တ.စ.ည ပါတီဟာဆို စစ်သားအိုကြီး တွေက နိုင်ငံရေးထလုပ်နေတာပါ ..

သူတို့ ကဖြေရှင်းပါတယ် "စစ်အာဏာရှင်တွေ နဲ့ ပူပေါင်းထားခြင်းမရှိပါဘူး ဘယ်အဖွဲ့စည်း နဲ့မှ ဆက်သွက်မှု့မရှိပါဘူး "

သူတို့ ဖြေရှင်းသလို နိုင်ငံရေးကို နိုင်ငံရေးလိုတွေးမြင်ပြီးလုပ်တယ်ထားဦး ..
သူတို့ စိတ်ထဲက စစ်အာဏာ အစွဲလမ်းတွေ ငြင်းပယ်လို့ မရနိုင်တာအမှန်ပါ ။
ယုံလိုက်မိရင် ကျား ထက် ပိုဆိုးတဲ့ ရှင်ကြီးတွေ ဖြစ်လာနိုင်ပါတယ် ..

အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ မဲ မပေးခဲ့ဘူးဆို ရွေးကောက်ပွဲ အောင်မြင်နိုင်မှာမဟုတ်ပါဘူး ..

တိုင်းပြည်ရဲ့ လွတ်လပ်သောအနာဂတ်ကို စစ်အာဏာရှင်စနစ် နဲ့ လောင်းကြေးမထပ်သင့်ပါဘူး

အစိုးရအသစ် တက်ပြီးမှဆို အရာရာဟာ နောက်ကျကုန်ပါလိမ့်မယ် ..

ခုလို အချိန်မှီ တုန်း မြန်မာနိုင်ငံကြီးကို အကောက်ကြံ ရောင်းစားနေသူ လူတစ်စု ရဲ့ လက်ထဲက ကယ်တင်လိုက်နိုင်အောင် တိုက်တွန်းလိုက်ပါတယ် ။ 

သက်အောင်(ကလောင်တိုက်ပွဲ)

No comments:

Post a Comment