Wednesday, November 24, 2010

အရေးယူသင့်ပြီ

အရေးယူသင့်ပြီ

စာမရေးဖြစ်တာလဲကြာသွားပြီ ..
ဒါပေမယ့် သတင်းတွေ အမြဲဖတ် .. အမိမြေအကြောင်းကိုနားစွင့်နေပါတယ်  ။
ခုပြောချင်တာလေးက ကျနော် ဘလောဂ်တွေဝင်ဖတ်တုန်း ဝက်ဘ်ဆိုဒ်လေးတစ်ခုကို ဝင်မိသွားတယ်ဗျ

ဆိုဒ်နာမည်က Myanmar Express တဲ့ ..  http://myanmarexpress.blogspot.com/

သူငယ်ချင်းတို့ လဲ သိပြီးလောက်ပြီဖြစ်မှာပါ
အဲ့လို ဘလောဂ်မျိုးတွေ ရှိနေတာ ကျနော်တို့  ဒီမိုကရေစီ ပန်းတိုင်းဆီသို့  အရောက်သွား လွတ်လပ်မှု့အတွက် တိုက်ပွဲဝင်ရာမှာ များစွာ ဆူးညောင့်ခလုတ်ဖြစ်စေပါတယ်  ။
အဲ့လို အဟန့်အတားတွေကို အားလုံး တက်ညီလက်ညီနဲ့ ဖျတ်ဆီးပစ်နိုင်မှ စိတ်အေးရမှာပါ ။
ရေးထားတဲ့ စာတွေဟာ များသောအားဖြင့် စစ်အစိုးရရဲ့ အတိုက်အခံတွေကို  အဓိကထားတိုက်ခိုက်နေပြီး  ..
ပြည်ပရောက် ညီအစ်ကိုမောင်နှမ အင်အားစုများကို ပြည်မချစ် ဒေါ်လာစားတွေ ဆိုပြီး ဝေဖန်ထားပါတယ် ။
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေ  .. ယဉ်ကျေးမှု့မရှိတဲ့ အဆင့်အတန်းမျိုးနဲ့  စာတွေကို ရေးကာ တိုက်ခိုက်နေတဲ့အတွက်
အွန်လိုင်းပေါ်ရှိညီအစ်ကို မောင်နှမအားလုံးကို အသိပေးခြင်းဖြစ်ပါတယ်  ။
တကယ်ဆို ကျနော်တို့  ဒီမိုကရေစီအရေးကို မြတ်နိုးသူတွေဟာ နိုင်ငံပေါင်းစုံမှာ ရှိနေတာပါ ။
အဲ့ဒီဘလောဂ်ကိုဖန်တီးတဲ့ သူတွေဟာ ရုရှားရောက်စစ်ခွေးသားတွေကလွဲပြီး တခြားလူ ဖြစ်နိုင်စရာအကြောင်းကိုမရှိပါဘူး  ။
အားလုံးပေါင်းပြီး တစ်ခုခု ကြံရင်တော့ နည်းလမ်းကောင်းတွေထွက်လာမှာပါ ။
အဲ့တော့ ဒီအတိုင်း လွတ်ထားမယ့်အစား အရေးယူမှု့တစ်ခုခုတော့ပြုသင့်ပြီလို့  ကျနော်ထင်မိပါတယ် ။

http://myanmarexpress.blogspot.com/

အားလုံးဒီ ပိုစ်လေးကို သူငယ်ချင်းတွေ လူအများစုကို ပြန်ပြီးဝေငှ share ပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်မှာပါ ။

သက်အောင်(ကလောင်တိုက်ပွဲ)

3 comments:

  1. ကဲအဲဒါဆိုရင် လူအများစုနဲ့ လူအနည်းစု မင်းတို့က နိုင်ငံပေါင်းစုံမှာ ရှိနေတာ ငါတို့က တစ်နိုင်ငံတည်းမှာ ရှိတာ ဘယ်သူသာလည်း ကြည့်ရအောင် တစ်ခုတည်းရှိတဲ့ အဲဒီဘလော့ဒ်ကို ရအောင် ဖျက်ကွာ။ဘယ်ကကောင် သာတယ် ဘယ်ကောင်မှန်တယ်ဆိုတာ အဲဒီမှာ အဖြေထွက်လာလိမ့်မယ်

    ReplyDelete
  2. အကို khant ရေ မပြောပါနဲ့ဗျာ ဖျက်ဆို ဘယ်လို့ဖျက်ရတာလဲလို့ မေးနေအုံးမယ် ပင်ပန်းပါတယ် မပြောပါနဲ့.....

    ReplyDelete
  3. If you were thinking,anybody can not hack your site.It is wrong
    Most of the professional programmers don't do like this.

    ReplyDelete