Thursday, December 2, 2010

မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....(၂)

ငါးမင်းဆွေ....

ခင်ဗျား စာက အပိုစာသားတွေများတယ်ဗျာ။ ခင်ဗျားဆွေမျိုးတွေ အကြောင်းတောင် ပါလိုက်သေးတယ်..။
အဲ့တော့ ကျွန်တော်က အဓိက ကျတဲ့၊ ခင်ဗျား ဘာမှနားမလည်ပဲအရူးချီးပန်း ပြောထားတဲ့ အကြောင်း အရာလေးတွေကိုပဲ ပြန်ဖော်ပြပြီး ခင်ဗျားအသိတရားရအောင် ရှင်းပြသွားမယ်။
ကျွန်တော့် စကားတွေက ကြမ်းချင်ကြမ်းနေလိမ့်မယ်။ဒါပေမဲ့ ခင်ဗျားလို  အာဏာရှင်တွေ မြှောက်ပေးတိုင်းေ_ွးတက်အောင် က တတ်တဲ့ ငတုံးကို ဒီလို ခပ်ကြမ်းကြမ်း၊ခပ်ရိုင်းရိုင်း ပြောနိုင်မှ နားဝင်မယ်လို့ ယူဆလို့ ပဲဗျ..။

"မစုခင်ဗျား.......... ၁၉၉၅ အမျိုးသားညီလာခံ ကြီးကျင်းပနေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအောဘရိုက် မစုထံ ရောက်လာပါတယ်။ မစုနဲ့ နှစ်ယောက် ချင်းတွေ့ဆုံခဲ့ကြပါတယ်။ ကျင်းပနေဆဲ အမျိုးသားညီလာခဲ့မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးနေပါတယ်။ ဤအချက်ကို အမေရိကန်အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်းဆောက်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။ မြန်မာနိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပုံ ရပါတယ်။ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တော်သံ အမတ်ကြီး မက်ဒလင်းအောဘရိုက် က အမျိုးသားညီလာခဲ့ကြီးပျက်ပြားသွားအောင် NLD အနေဖြင့် အမျိုးသားညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြု ခဲ့ပုံရပါတယ်။ မယ်ဒလင်းအောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသားညီလာခံကြီးကနေ ထွက်ခွာခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်းအောဘရိုက် နဲ့ မစုတို့ တိုင်ပင်စည်းဝါးကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစုတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာရောက်ကြဖို့ မစု ဟန့်တားခဲ့ပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျအတိုင်း မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့  မစုရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသားညီလာခံကြီးက မထွက်ခွာခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကျဖွံ့ဖြိုးတိုးတက်နေပါပြီ မစု။ " တဲ့......။

ဒီတခါတော့ အမျိုးသားညီလာခံ အကြောင်းက စ လိုက်ကြတာပေါ့ဗျာ။
ခင်ဗျားဆိုလိုချင်တာက အမေရိကန်က အကြံပြုခဲ့လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကြီးကို ညီလာခံကနေ ထွက်ခိုင်းတယ်ပေါ့လေ..။
ဒါက ဘာလဲဗျ..?
ခန်မှန်းပြီး  ပြောတာလား…?ဒေါ်အောင်ဆန်းစုကြည်က သူများတကာပြောတိုင်း နားထောင်တတ်တဲ့ ခေါင်းဆောင်မျိုးလို့ ခင်ဗျား ကိုယ်တိုင် စွပ်စွဲလိုက်တာလား..? 
ခင္ဗ်ား …ေ_ာက္ရူးပဲ!!!!

အဲ့ဒီ အမျိုးသားညီလာခံမှာ အာဏာရူးတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာ ခင်ဗျားမသိတာလား..?
NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသားညီလာခံ မှာ ပါဝင်လာအောင် စစ်တပ်က ဘယ်လိုကတိတွေပေးခဲ့သလဲ..?
အဲ့ဒီ ကတိတွေတည်ခဲ့ရဲ့လား…?
တိုင်ရင်းသားခေါင်းဆောင်တွေ ပါဝင်လာအောင် ကတိတွေပေး၊စည်းရုံး..၊ညီလာခံတက်တော့မှ သောက်တလွဲတွေလုပ်။ တိုင်းရင်းသားကိုယ်စားလှယ်အချို့ နဲ့ NLD ပါတီ အမျိုးသားညီလာခံကနေထွက်ရတာ ဒါတွေကြောင့်ဗျ…။ခင်ဗျားနားလည်လား..?
အာဏာရူးတွေ ကတိမတည်လို့ ဒါမျိုးဖြစ်ရတာ။ မသိရင်သေချာပြန်လေ့လာ။

ကဲ…ကျွန်တော်မေးမယ်..။
အမျိုးသားညီလာခံ ကိုဘာ့အတွက်ကြောင့် လုပ်ရတယ်လို့ ခင်ဗျားထင်နေလဲ…?

အမျိုးသားညီလာခံ လုပ်တယ်ဆိုတာ တိုင်းရင်းသားပြည်သူလူထုရဲ့ ရပိုင်ခွင့်၊လွတ်လပ်ပိုင်ခွင့်၊လုပ်ပိုင်ခွင့်အခွင့်အရေး…စတာတွေကို ဥပဒေနဲ့အညီ ကာကွယ်ဖို့၊ ဥပဒေပြဌာန်းဖို့အတွက် အစိုးရ၊အတိုက်အခံ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့လုပ်တာဆိုတာကိုတော့ ခင်ဗျားသိသင့်တယ်။ အားလုံးစုံညီ စည်းဝေးပြီး တိုင်းပြည်တွင်းမှာရှိမဲ့ ပြည်သူတွေအတွက် သင့်တော်မဲ့ဥပဒေတွေကို တိုင်တိုင်ပင်ပင်နဲ့ အားလုံးအခွင့်အရေး တန်းတူရအောင်ရေးဆွဲရမှာဖြစ်တယ်။
ခုတော့ေ_ာက်တလွဲ အစိုးရက တိုင်းရင်းသားကိုယ်စားလှယ်တွေ တင်ပြဆွေးနွေးတာ ဘာ တခုမှနားမထောင် လက္မခံတာတင်မဟုတ်ပဲ၊ဘယ်သူနဲ့မှ တိုင်ပင်ခြင်းမရှိပဲ သူတို့စိတ်ကြိုက်ရေဆွဲပြီးသား ဥပဒေတွေကို အတိုက်အခံတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို အတင်းထောက်ခံခိုင်းနေလို့ NLD က အမျိုးသားညီလာခံ ကနေ ထွက်လာခဲ့ရခြင်းပဲဖြစ်တယ်။
အမျိုးသားညီလာခံပြီးဆုံးအောင်တက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာလည်း ဥပဒေပိုင်းဆိုင်ရာတွေ ဘာတခုမှ ဆွေးနွေးခွင့်မရခဲ့ပါပဲနဲ့ သမိုင်းတရားခံတွေအဖြစ် သတ်မှတ်ခံလိုက်ကြရပါတယ်။

ခင်ဗျားပြောသလို ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမျိုးသားညီလာခံကနေ NLD ပါတီကြီး ထွက်လိုက်တယ် ဆိုရင်တောင် ဒါဟာ တကယ်မှန်ကန်တဲ့ လုပ်ရပ်ပါ။NLD ပါတီဝင်တွေ ရဲ့ဆုံးဖြတ် ရပ်တည်ချက်ဟာ ပြည်သူအကျိုးအတွက်၊တိုင်းပြည်အကျိုးအတွက် မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်…။ခင်ဗျားလို သာရာကူးမဲ့ ရပ်တည်ချက်မရှိတဲ့ ငတုံးကို  လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ချက်အကြောင်း ရှင်းပြနေလည်း နားလည်မယ်လို့တော့ မထင်ဘူး။

economic sanctions ကိစ္စ...။

ခင်ဗျားရေးခဲ့တာက.....
"စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိဖြစ်ပေါ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။ စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစုငြင်းနိုင်ပါတယ်။ ဒီလိုမှ မငြင်းပယ်နိုင်လျင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံရပါလိမ့်မယ်။ ဒီလို စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဆိုတဲ့ အကြမ်းဖက်မှုကြီးဖြစ်ပေါ်အောင် အားပေးလှုံ့ဆော် တောင်းဆိုခဲ့တဲ့ မစုရဲ့ မိုက်မှားခဲ့တာတွေကို လူသိရှင်ကြား မြန်မာပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်"။ တဲ့...။

ခင်ဗျားလို ငတုံးနားလည်အောင် အလွယ်ကူဆုံး ဥပမာနဲ့ ပြောပြမယ်။
ရပ်ကွက်တစ်ခုမှာ ပစ္စည်းရောင်းဝယ်ဖို့ ဆိုင်များစွာ ရှိနေပါလျက် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ ကိုယ်ကျိုးရှာသမားဦးစီးတဲ့ ဆိုင်မှာ လူအများ  ရောင်းဝယ်လေ့ ရှိ မရှိ ဆိုတာကိုပဲ ခငိဗျားအရင်လေ့လာ....။
အဲ့ဒီဆိုင်ရှင် အသုံးမကျလို့ သူနဲ့ အရောင်းအ၀ယ် မလုပ်ဘူး၊တခြားသူတွေကိုလည်း အရောင်းအ၀ယ်မလုပ်ဖို့ တိုက်တွန်းတယ်...အဲ့ဒီအတွက် သူ့အိမ်သားတွေ အနေအစား ဆင်းရဲတယ်။
သဘောတရားကဒါပဲ...!!!!!
သူသာ သူ့ အိမ်သူအိမ်သား တွေကို ချစ်တယ်ဆိုရင် လူအများနဲ့ ရောင်းဝယ်ခွင့်ရအောင် သူလုပ်ရမှာပဲ...။

ခုလည်းကြည့်....။အာဏာရူးတွေလုပ်ပုံကို..။လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်၊အတိုက်အခံတွေကို မတရားဖမ်းဆီးထောင်ချတယ်၊ ပြည်သူတွေကို အမျိုးမျိုးနှိပ်စက်လုပ်နေလို့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေလုပ်တာ။ဒါကို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည် အပေါ်အပစ်ပုံချတယ်။
ခင်ဗျားခေါင်းထဲမှာရှိနေတာကဘာလဲ....??

ပြောတော့ ဈေးကွက်စီးပွားရေးစနစ်တဲ့..။အဲ့အာဏာရူးတွေ ဘယ်လောက်ေ_ာက်ကျင့်ယုတ် ကိုယ်ကျိုးရှာသလဲ ကျွန်တော်ပြောပြမယ်..။
မကြာသေးခင်ကမှ တိုင်းပြည်ကနေ ပြန်လည်ရုတ်သိမ်းသွားတဲ့ ဂျပန်က TOYOTA ကားကုမ္ပဏီ ကိစ္စကို ကြည့်။
အဲ့ကုမ္ပဏီက ပြည်တွင်းမှာအစိုးရနဲ့ ဖက်စပ် လုပ်ကိုင်ဖို့စာချုပ်နဲ့ ၀င်ရောက်လာတာပဲ။ဒါပေမဲ့ တကယ်တန်း ကားထုတ်လုပ်တဲ့အခါ ဒီကားဝယ်ယူခွင့်ကို အစိုးရ၀န်ကြီးတွေနှင့်ဗိုလ်ချုပ်တွေဝယ်ဖို့ပဲ ခွင့်ပြုခဲ့တယ်။ကားထုတ်လုပ်မှုကလည်း နှစ်စဉ် အစီးရေအနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့တယ်။ဒါကြောင့် ကုမ္ပဏီက ပြည်သူအများစီးနိုင်ရန် ရည်၇ွယ်ပြီ ပြည်သူများသို့ လစဉ်ပေးချေ စနစ်ဖြင့် ရောင်းချခွင့်ပြုဖို့ တင်ပြတဲ့အခါ ပြည်သူတွေကို လူလိုသဘောမထားတဲ့ အာဏာရူးတွေက ခွင့်မပြုတဲ့အတွက် ပြန်လည်ရုတ်သိမ်းသွားရတာပဲ။

နောက် မလေးရှားနိုင်ငံက တယ်လီဖုန်းလိုင်း ကုမ္ပဏီက ပြည်သူတွေ ဆက်သွယ်ရေး လွယ်ကူစေဖို့ ၀င်ရောက်လုပ်ဆောင်ခွင့် တောင်းတာလည်းလက္မခံ ခဲ့ပြန်ဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့ ရင်းနှီးတဲ့လုပ်ငန်းရှင်(တေဇ)ကို လုပ်ပိုင်ခွင့် ချပေးပြီး အမြတ်ကြီးစား ရောင်းချနိုင်အောင် လုပ်ပေးတယ်။

ဓာတ်ဆီ ကိစ္စလည်း..ဒီအတိုင်းပဲ..။petronas ကမြန်မာပြည်အနှံ့ အရောင်းဆိုင်တွေ ဖွင့်ခွင့်တောင်းတာ လက္မခံဘူး…။အခု ဓာတ်ဆီဈေးကွက် ဘယ်လိုဖြစ် နေသလဲဆိုတာကိုသာ  ကြည့်….။

ဒီအစီအစဉ်တွေသာ ဖြစ်ပေါ်အောင်မြင်ခဲ့မယ်ဆိုရင် ပြည်သူအများအစဉ်ပြေစေမှာ မလွဲပါဘူး။
ကိုယ်တိုင်ကလည်း မဖန်တီးနိုင်၊ဖန်တီးနိုင်မဲ့သူကိုလည်း အားမပေးတာ၊မကူညီတာဟာ ဘာသဘောလဲ...?

တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး အတွက် သုံးစွဲတဲ့ငွေ ပမာဏဟာ စစ်အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာခြားနေတာ၊ စီးပွားရေးတွင်တိကျသော မူဝါဒမရှိပဲ လက်သင့်ရာစားတော်ခေါ်နေတာ၊ စစ်ဗိုလ် စစ်တပ်နှင့်နီးစပ်တဲ့ သူတွေကပဲ စီးပွားရေးလောကတွင် ကြီးစိုးနေတာတွေကြောင့်သာ ပြည်သူတွေ ဆင်းရဲနေရခြင်းဖြစ်တယ်။

အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားလဲ အိန္ဒိယ၊တရုတ် လိုနိုင်ငံမျိုးတွေကို အလုံးအရင်းနဲ့ ၀င်ရောက်လုပ်ကိုင်ခွင့်ရနေတာပဲ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေဆင်းရဲရတယ်ဆိုတာ ဦးနှောက်ရှိတဲ့ ဘယ် လူကမှ မပြောဘူး...။
ဒါပေမဲ့ အဲ့ဒီပိတ်ဆို့မှုတွေကြောင့် အာဏာရူးတွေရဲ့ အနောက်နိုင်ငံတွေမှာ သိမ်းထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်မရတာ၊လွှဲပြောင်းမရတာတွေ ဖြစ်နေတာတော့ အမှန်ပဲ။ဒါ့ကြောင့် ပိတ်ဆို့မှုကို ဖွင့်ဖို့ အတင်း အော်နေကြတာသာ ဖြစ်တယ်။

ခင်ဗျားတို့လိုကောင်တွေရဲ့ ပါးစပ်တွေကပဲ အမျိုးမျိုးပြောနေကြတယ်။ ပထမ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုလို့ စီးပွားရေး ပိတ်ဆို့တယ်....တဲ့။ နောက်တခါကျတော့ အနောက်နိုင်ငံတွေက  သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘယ်နိုင်ငံကိုမှ အကြောင်းမဲ့ မကူညီဘူး.. တဲ့..။
အဲ့တော့...သေချာစဉ်းစားကြည့်ကြ၇အောင်...။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုယုံနဲ့ စီးပွားရေးပိတ်ဆို့တယ်ဆိုရင် သူတို့အတွက် ဘာအကျိုးအမြတ်မှ မဖြစ်ပဲ အနောက်နိုင်ငံတွေက ကူညီပါ့မလား..?တောင်းဆိုတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က မနေ့တနေ့ကမှ နေအိမ်အကျယ်ချုပ်ကလွတ်လာတာနော်။ ဒေါ်အောင်ဆန်းစုကြည် ပြောယုံနဲ့ သူတို့က လုပ်ပေးရအောင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို အာဏာရူးတွေလို ငတုံးတွေလို့ ထင်နေလို့လား...?

ဒေါ်အောင်ဆန်စုကြည် အာဏာရလာရင်ပဲ သူ့ကျွန်ဘ၀ ချက်ခြင်း ပြန်ရောက်တော့မလို၊ ပြည်တွင်းက   အမျိုးသမီးတွေပဲ ဘ၀ပျက်ကြရတော့မလို ပြောနေကြတယ်။
ခင်ဗျားတို့ ဘာဦးနှောက်တွေနဲ့ ပြောနေကြတာလဲ..?
 နောက်တခု..အမေရိကန်ကပြည်တွင်းမှာစစ်အခြေစိုက်စခန်း လာဖွင့်ချင်နေတယ်ဆိုတဲ့ကိစ္စ...။ ခင်ဗျားတို့လိုကောင်တွေပြောနေကြတဲ့စကားတွေပါပဲ။
ဟုတ်ချင်လည်းဟုတ်မယ်၊မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။

ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်ပဲ စဉ်းစား...။

ဒေါ်အောင်ဆန်းစုကြည် ဆိုတာက လူထုရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပါ။ကမ္ဘာ့နိုင်ငံကြီးတွေက တန်ဖိုးထားရတဲ့ ဒီမိုကရေစီ ပြရုပ်ပါ။
(ဒီမိုကရေစီ အခြေခံအချက်တွေကို(၁)မှာ သွား ပြန်ကြည့် လိုက်ပါ)
ဒီလို ခေါင်းဆောင်မျိုးက သူ့ရဲ့ပြည်သူလူထုကို ခင်ဗျားတို့ပြောသလို အဖြစ်ခံမယ် ထင်နေလား..?
စစ်အခြေစိုက်စခန်းဖွင့်ဖို့လိုကိစ္စမျိုးကို ဘယ်သူနဲ့မှ မတိုင်ပင်ပဲ သူ့သဘောနဲ့သူ လုပ်လို့ရမလား..?
နောက်ဆုံးသူက လုပ်ချင်ဦးတော့ဗျာ ၊တခြားလူတွေ ကန့်ကွက်ရင် သူဘာမှ လုပ်လို့မရဘူးဗျ...။
သူသွားနေတာက ဒီမိုကရေစီစနစ်..ဗျ။
အာဏာရူး သန်းရွှေလို အာဏာရှင်စနစ် ကျင့်သုံးမှာ မဟုတ်ဘူး။

ခင်ဗျားတို့ ဦးနှောက်ကို ဒီလောက်လေးတွေ တွေးဖို့ကိုတောင် အသုံးမချကြတော့ဘူးလား..? ဒါမှမဟုတ် ခေါင်းထဲမှာရှိနေတာ ဘာတွေလဲ...? ခင်ဗျားတို့တွေ တကိုယ်ကောင်းမဆန်ကြပါနဲ့ဗျာ။

အေး..စေတနာရှေ့ထားပြီး တခုတော့ခင်ဗျားကို သတိပေးလိုက်မယ်။စစ်အာဏာရှင်တွေက ချ ကျွေးစရာရှိရင် ခင်ဗျားတို့လို ကောင်တွေကို အရင် ချ ကျွေးသွားမှာနော်..။ ညှာနေမှာ မဟုတ်ဘူး..။
၈၈ ကိုနမူနာယူ။
မခံစားနိုင်တော့တဲ့အချိန် ပြည်သူလူထုက သာမန်ဆန္ဒပြ ယုံသက်သက်ပဲ။
ခင်ဗျားတို့လိုကောင်တွေ ဖားယားပြီးယုံကြည်ကိုးစားနေတဲ့ ကောင်တွေကပဲ ခင်ဗျားတို့ကို အရင်ဦးဆုံး ခေါင်းလာဖြတ်မှာ...!!!!!
အချိန်မှီ သတိပေးလိုက်ပါရဲ့....။


(မြန်မာ့အရေး)

အပိုင်း (၁) အားပြန်လည် ဖတ်ရှုရန်..

No comments:

Post a Comment