Showing posts with label ရုရှားတဲ့ကွယ်. Show all posts
Showing posts with label ရုရှားတဲ့ကွယ်. Show all posts

Wednesday, December 1, 2010

မော်စကိုမှ ဆောင်းအိပ်မက်များ .. ( ရုရှားတဲ့ကွယ် အပိုင်း ၂ )

မော်စကိုမှ ဆောင်းအိပ်မက်များ .. ( ရုရှားတဲ့ကွယ် အပိုင်း ၂ )

Facebook ပေါ်တွင်သာမက ဘယ်နေရာ ဘယ်စာအုပ်တွင်မဆို ဆောင်းပါးရေးသားသော သူများသည်Facts ဟုခေါ်သော အချက်အလက် အကြောင်းအရာများကို ရေးသားကြသလို Opinions ဟုခေါ်သော အမြင် များကိုလဲ ရေးသားကြပါတယ် ။ Facts များ အပေါ်တွင်လဲ စာရေးသူ၏ knowledge များ ထပ်ပေါင်း၍ Opinions များနှင့် ထပ်လောင်း၍  ရေးသားကြပါတယ် ။ထိုကြောင့် အချို့သော Post Owner ၏ Opinions များ သည် တစ်ချို့စာဖတ်သူများ သဘောမတွေ့နိုင် ဟူသော အချက်သည်လဲ ဖြစ်နိုင်ပါတယ်။ဒီနေရာတွင် အဓိကထား၍ စဉ်းစားရမည်မှာ Opinions ချည်းသက်သက် ရေးသားထားခြင်းများ မဟုတ်ပဲနှင့်Facts များအပေါ်တွင် Opinions များထပ်လောင်းဖြည့်ထားခြင်းများသာ ဖြစ်ပါတယ်။ထို့ကြောင့် အမြင်များ အထင်များချည်းသက်သက်ရေးသားထားသော Post တစ်ခု မဟုတ်ပါက Facts များ အား မိမိတို့ မကြိုက်နှစ်သက်သော်လည်း ၊ မှန်နေသမျှ လက်ခံနိုင်ရမယ် ဆိုတဲ့ဖြောင့်မှန်တဲ့  စိတ်ဓါတ်မျိုးများဖြင့် Post တစ်ခုကို ဖတ်ပါက ရေးသားသူ နှင့် ဖတ်သူများသော်လည်းကောင်း၊ဖတ်သူများအခြင်းခြင်းသော်လည်းကောင်း အပြန်အလှန်ဆွေးနွေးလို့ ကောင်းသော Topic တစ်ခု ဖြစ်နေမယ်မှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။

Face Book ပေါ်၌ Post တစ်ခုတင်ရာတွင်Post တင်သူတစ်ယောက်အနေဖြင့် အားသာချက်များ နှင့် အားနည်းချက်များ စွာကို တွေ့လာရမှာဖြစ်ပါတယ်၊အားသာချက်များအနေဖြင့် မိမိအား ထောက်ခံအားပေးသော လူများရှိတာကိုသိလာရသဖြင့် မိမိအားစိုက်ထုတ်ရမှူကို မိမိဘာသာကျေနပ်ပီတိဖြစ်ရပါတယ်။ထို့အပြင် ပို့စ်ရေးသားသူသည် မိမိ၏ကိုယ်ပိုင်ပို့စ်တွင် မိမိတွေးမိသမျှ ၊ စဉ်းစားဖူးသမျှ အရာများနှင့် မှတ်ဖူး ၊ ဖတ်ဖူး သမျှသော အရာများအားလုံးကို လွတ်လပ်စွာထည့်သွင်းရေးသားနိုင်ပါသဖြင့်ထိုအချက်သည်လည်း အားသာချက်များစွာထဲမှ  အားသာချက်တစ်ခုပင်ဖြစ်ပါတယ်။

ပို့စ်ရေးသားသူသည် အားသာချက်များအပြင် အားနည်းချက်များရှိသည်ကိုလဲ မေ့လျော့၍မရနိုင်သေးပေ။ အားနည်းချက်များဟုခေါ်ဆိုနိုင်သော  အချက်များစွာတို့ထဲတွင် အပေါ်လွင်ဆုံးအချက်ကတော့ မိမိပို့စ်တွင် ပါရှိသော အချက်အားလုံး ဆွေးနွေးခြင်းမျိုးမဟုတ်ပဲနှင့်   တစ်ချက်တည်း သို့မဟုတ်    တစ်ချို့ အချက်များကိုသာ ထောက်ပြကတ်သတ်မေးမြန်းကြခြင်းမျိုးပဲဖြစ်ပါတယ် ။

အချို့ လူများသည် ပို့စ်ကိုမဖတ်ပဲနှင့်လဲ အပြုသဘောမဆောင်ပဲနှင့် တိုက်ခိုက်မယ် ဟူသော ဦးတည်ချက်တစ်မျိုးတည်းနှင့်လဲ ၀င်ရောက်ရေးသားမေးမြန်းကြသည့်သူများနှင့် တွေ့ကြုံရခြင်းသည်လဲ အနုတ်လက္ခာဏာ တစ်ရပ်ပင်ဖြစ်ပါတယ် ။
သမိုင်းမှား ၊ စာမျက်နှာမှားဟု ပြောဆိုနေကြသည့် သူများကို ကျွန်မကလဲ တစ်ချက်လောက်တော့ မေးကြည့်ချင်ပါသေးတယ် မြန်မာ့ပြည်တွင်းသတင်းစာများဖြစ်သော ကြေးမုံ ၊ မြန်မာ့အလင်း စသည့် သတင်းစာများသည်မိုးလုံးပြည့် မုသာဝါဒ များ ပြည့်နှက်နေသည် သမိုင်းမှား ၊ စာမျက်နှာမှားများကို နေ့စဉ် ထုတ်လုပ် ဖြန့်ဖြူးနေခြင်းကိုလျစ်လျှူရှူ၍ Facebook ပေါ်မှ တစ်ချို့သော Post များ၏ တစ်ချို့ အချက်များကိုသာ မဲ သဲ ၍ ထောက်ပြနေခြင်းမျိုးသည်မတရားသဖြင့် ဟု အပြည့်အ၀သတ်မှတ်နိုင်ပါတယ် ။

ထို့ထပ်ပို၍ ဆိုးရွားသည့် အချက်မှာ Post တင်သူများအား ပုဂ္ဂိုလ်ရေးအရ တမင်သက်သက်စော်ကားခြင်းများပင်ဖြစ်ပါတယ် ။Post Owner သည် မိန်းကလေးဖြစ်ပါက တစ်ချို့ အဆိုးမြင်တစ်ဖက်ပိတ်သမားများ အတွက် အကောင်းဆုံးသော ထိုးနှက်ခွင့်များရသည့် အခြေအနေများပင်ဖြစ်ပါတယ် ။ပို့စ် တွင် ဥပမာအားဖြင့် အကြောင်းအရာ ၊ အချက်အလက် 10 ခုပါတယ်ဆိုကြပါစို့ရှင်၊ပို့စ်တွင်း ၎င်း Subject 10 ခုလုံးသည် အကုန်အမှားများသာ ဖြစ်ပါတယ်လို့ အချို့သော လူများသည်ပို့စ်ကိုလဲမဖတ် ၊ ဆိုလိုရင်းကိုလဲ မကြည့်ပဲနှင့် မျက်စိကိုစုံလုံးမှိတ်၊ နားကိုနှစ်ဘက်လုံးပိတ်ကာ၊ လက်ညှိုးတစ်ချောင်းအသင့်ထောင်ပြီးဘာပြောပြော၊ ဘာရေးရေး အဲ့လက်ညှိုးပဲ စွတ်ကာထိုးနေကြတော့တာပါပဲရှင် ၊ နောက်ဆိုးပါပေ့ဆိုသည့် အချက်တစ်ချက်မှာComments အရေအတွက်များကို လိုက်ရေတွက်ကြခြင်းပင်ဖြစ်ပါတယ် ။ဒီနေ့တော့ဖြင့် Comments ဘယ်နှစ်ခုရှိပါပြီ ၊ အဲ့တော့ ဒီပို့စ်ဟာ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုပြီး စကားများ တော်ကီပွားနေကြတဲ့ သူတစ်ချို့ကိုလဲနေရာတော်တော်များများတွင် တွေ့ရပါတယ် ။ အဖွဲ့အစည်းတစ်ခု၏ တစ်ချို့သော အချက်အလက်များကို သိရုံဖြင့် ထိုအဖွဲ့အစည်းတွင်းရှိသူများနှင့်ပတ်သတ်ပါတယ်ဆိုတဲ့ အတွေးမျိုးဖြင့် တစ်ဘက်သား မိန်းကလေး ကို ပေါ်တင်စော်ကားနေကြသော သူများကိုလဲ တွေ့ရပါတယ်။

ထိုအထက်ပါ အချက်များသည် Post တင်ကြမည့် မည်သူမဆို ကြုံတွေ့ရသည့် အချက်များဖြစ်ပါတယ် ။ ထိုအချက်များအားသိရှိနားလည်ပြီး ထိုအားနည်းချက် အားသာချက်များကို အပြည့်အ၀ လက်ခံပေးပြီးမှသာ ပို့စ် တင်ခြင်းဖြစ်ပါတယ်Post Owner တစ်ယောက်အနေဖြင့် ထိုအခြေအနေများကို နားလည်ပေးသကဲ့သို့ ၀င်ရောက်ဆွေးနွေးပြောဆိုမေးမြန်းကြမည့်သူများသည် လည်း ထိုအားနည်းချက်များနည်းသထက် နည်းအောင်မေးမြန်း ဆွေးနွေးပေးကြပါရန်နှင့် Comment တစ်ခုကြောင့် မိမိတို့၏ အဆင့်အတန်း ၊ မိမိတို့၏ စိတ်ဓါတ်များအား မိမိဘာသာမိမိ လူပုံအလယ်တွင်ဖေါ်ပြနေသည့်ပုံစံမျိုးသာဖြစ်နေပါတော့တယ် ဆိုတာကို မမေ့လျော့ကြပါစေရန် သတိပေးလိုပါတယ်။
ထိုအချက်များ ကို သတိထား၍ မိမိ အဆင့်အတန်းနှင့်လိုက်ဖက်သည့် ဆွေးနွေးချက်များဖြင့် အပြန်အလှန် မေးမြန်းပြောဆိုကြရန်ရည်ရွယ်ပါတယ် ။

သမိုင်းမှား ၊ စာမျက်နှာမှား ၊ လွဲ နေပါတယ်ဟု တောက်လျောက်ပြောနေကြသော အကိုတော်များအား တစ်ချက်လောက် ပြောကြည့်ပါအုံးမယ် ။သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းကြီးက စတင် တည်ထောင်ခဲ့ပြီး ဒုတိယ မြန်မာနိုင်ငံတော်ကို တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က ဆက်လက် တည်ထောင်ခဲ့ပါတယ် ။ထို့နောက် တတိယ မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးက ပြန်လည်စုစည်း ထူထောင်ခဲ့ကြောင်း မှတ်သား သိရှိခဲ့ရပါတယ် ။ သီပေါမင်းလက်ထက်တွင် အင်္ဂလိပ် နယ်ချဲ့များ၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထို့နောက်တဖန် ဖက်ဆစ်ဂျပန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပြန်တယ်။လွတ်လပ် သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော နိုင်ငံတော်သို့ ရောက်ရှိရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် မျိုးချစ် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက စတုတ္ထ မြန်မာနိုင်ငံတော်အတွက် အသက်၊ သွေးချွေး မြောက်မြားစွာ စတေးကာ ရယူပေးခဲ့ပါတယ် ။

လွတ်လပ်ရေး ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ မြန်မာနိုင်ငံသည် အမှန်တကယ်တော့ မလွတ်လပ်ခဲ့ဘဲ တိုင်းတပါး နယ်ချဲ့ထက်ပင် ဆိုးဝါးသော မြန်မာပြည်သား စစ်အာဏာရှင်တို့၏ အနိုင်ကျင့်မှုအောက်တွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေးနိုင်ဖို့ နေနေသာသာ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဟိုနိုင်ငံကြီး ဖြစ်နေခဲ့ ပါပြီ။ မြန်မာ့တပ်မတော်သည် ဦးနေ၀င်းပိုင် တပ်မတော်မှ ဦးသန်းရွှေပိုင် တပ်မတော် ဖြစ်နေခဲ့ပါပြီ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူရှိမှုတို့ ဆိုသည်ကား မြန်မာ ပြည်သားများနှင့် လားလားမှမဆိုင်သလို ဖြစ်နေခဲ့ပါပြီ။“ကြည်း/ရေ/လေ ထု အားမာန်ပြု၍ တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့” ဟု ဆိုခဲ့သော ရဲသုံးဘော်မှာလည်း တန်းပေါင်းစီ ကွင်းထိပ်မှ နေရာဖယ်ပေးခဲ့ရပြီး စစ်အာဏာရှင် မင်းတရားကြီးများမှ ထိပ်ပိုင်းနေရာတွေကို ယူခဲ့ကြပါပြီ။သမိုင်းကြောင်းနားလည်၍ သမိုင်းကြောင်းသိရှိနေသော အချို့ ပြည်သူများ အနေနှင့် ယနေ့ ဖြစ်ပျက်နေသော တပ်မတော်ကြီး နှင့် တပ်မတော်သားအချို့ ၏ ရပ်တည်မှူ ၊ နေရာ ၊ လုပ်ပိုင်ခွင့်အချို့တို့အား ရသင့်သလောက်မရကြသည့်အဖြစ်များကိုနားလည်ခံစားပေးကြသော်လည်း ပြည်သူတို့၏ နားလည်ခံစားပေးမှူများနှင့် မထိုက်တန်သော ထိုအရာရှိ ၊ အရာခံ များသည် အမိန့် ဆိုသည်ကို ကြားကောင်းအောင် ဟစ် နေပြီးလျင်တစ်နေ့ငါတို့လဲ ဒီလိုနေရာမျိုး ၊ လုပ်ပိုင်ခွင့်မျိုးတွေ ရရှိလာနိုင်အောင် ဘယ်လိုနည်းလမ်းများ ဘယ်လို Shortcut များ သုံးရမလဲ ဟူ၍ တွေးတောစဉ်းစားနေကာနိုင်ငံ့အကျိုး ပြည်သူ့အကျိုးဆိုသည့် အချက်ကို မေ့နေကြပြီးလျင် ပြည်သူတို့၏ ပြည်သူ့ဆန္ဒများ နှင့် ခံစားချက်များကို လျစ်လျူရှူကာ မိမိတို့ ကောင်းကျိုးများကို ခံစားရရှိနိုင်ရန်သာစိတ်ကူးများဖြင့်ရူးနေကြသူများ များသထက်များလာပါတယ် ။

ကျွန်မတို့ ပြည်သူများအနေဖြင့် ကျွန်မတို့၏ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထုတ်ဖေါ်ပြသရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွင်ရှိနေပါတယ်။သို့သော် ယနေ့ခေတ်တွင် Facebook ကဲ့သို့သော Community Site များကိုတွင်တွင်ကျယ်ကျယ် သုံးလာကြသော ပြည်သူတစ်ချို့ နှင့်တပ်မတော်မှ ပညာတော်သင်လွှတ်ထားသော ရုရှားရောက် အရာရှိတစ်ချို့တို့သည် FB တွင် ထိပ်တိုက်တွေ့ကြသော အခြေအနေများနှင့် ကြုံကြပါတယ်။ထိုကဲ့သို့သော အခြေအနေမျိုးတွင် အပြုသဘောဆောင်သော တစ်ချို့ ပြည်သူများသည် ၎င်းတို့၏ ခံစားချက်များ၊အမြင်များ၊ တွေးခေါ်ချက်များ နှင့် သုံးသပ်ချက်များကိုPost တစ်ခုအနေနှင့် share ကြပါသော်လည်း ၊ ထိုအချို့သော ရုရှားရောက် အရာရှိများသည် အခြေအနေတစ်ရပ်ကို အလွန်လျင်မြန်စွာ ကောက်ချက်ချမှားတတ်ကြပါသေးတယ် ။

ဥပမာအားဖြင့် ဆိုရပါလျင်မူ ရုရှားသို့အရာရှိတစ်ချို့ လွှတ်၍ ဘွဲ့လွန်ယူခိုင်းသည့်ကိစ္စရပ်များအပေါ်တွင် ထိုရုရှားရောက် အရာရှိများ၏တုန့်ပြန်ချက်များမှာ တစ်ချို့သည် ၎င်းတို့အား အရာရှိများဟု ထင်မြင်စရာတစ်ကွက်မှ မရှိအောင်ကိုပင် ၎င်းတို့၏ အဆင့်အတန်းကို ဖေါ်ပြကြပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့ ဘယ်လိုရည်ရွယ်ချက်မှန်း မသိနိုင်တဲ့ လုပ်ရပ်တွေကို ပြောပြလိုက်မိတာနဲ့ တစ်ပြိုင်နက် အဆိုပါ ရုရှားရောက်အရာရှိတစ်ချို့မှာ အနာပေါ်တုတ်ကျသကဲ့သို့ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်နေကြပါတယ်။ ဆောင်းပါးတွေ သတင်းတွေ အရ နိုင်ငံတော်ဟာ နျူးကလီးယားအတွက် ရုရှားနိုင်ငံကို ပညာတော်သင်အရာရှိစစ်ဗိုလ် အများအပြားအားနိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး လွှတ်နေသည့်ကိစ္စရပ်မှာ ရုရှားရောက်အရာရှိတစ်ချို့ အတွက် ငါးပွက်ရာငါးစာချသည့် အခြေအနေတစ်ခုဟု ကျွန်မမြင်မိပါတယ်။ရုရှားနိုင်ငံနှင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုတယ်လို့ သိရတာကြောင့် စာချုပ်သက်တမ်းဆုံးတဲ့ အပတ်စဉ် 50 ဟာ နောက်ဆုံးအသုတ်ဟုလဲ သိရပါတယ်။

ထိုရုရှားသို့ လွှတ်သည့် ပညာတော်သင်အစီအစဉ်များထဲတွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပါသည်ဟု ကျွန်မအဓိကပြောရသည့် အကြောင်းအရင်းမှာကျွန်မတို့နိုင်ငံတွင် ဘယ်နေရာတွင် ဖြစ်ဖြစ်.အသိုင်းအ၀န်းရှိတဲ့ အလွယ်ပြောရမယ်ဆိုရင် လူကြီးသားသမီးတွေ သူတို့ကအရင်ဆုံး အထူးအခွင့်အရေးကိုခံစားကြရပါတယ်..မြန်မာစကားဖြင့် အလွယ်ပြောရပါလျင်မူ အကပ်ရှိလျင် အေးဆေးပဲဆိုသည့် စကားသည်ထိုနေရာတွင် ပိုမိုထင်ရှားစေပါတယ် ။
ကျွန်မ လက်လှမ်းမှီသလောက်တွက်ချက်ကြည့်ရာတွင် ဘွဲ့လွန်တက်ချင်သူတွေ နိုင်ငံခြားအတွေ့အကြုံရအောင်သွားချင်တဲ့သူတွေအမျိုးမျိုးထဲမှာတွင  လူကြီးသားများအား  အထူးအခွင့်အရေးပေးလို့ရပါသော်လည်း ၊ ထိုလူကြီးသားများသည် ရုရှားပညာတော်သင်ကိစ္စကိုစိတ်မ၀င်စားတာပဲလား ၊ အကျိုးမရှိဟုကြိုသိနေတာပဲလား၊ သို့မဟုတ် ရုရှားပြန် ချောင်ထိုးခံ အခြေအနေတစ်ခုအဖြစ်သို့ အရောက်မခံနိုင်တာပဲလား ၊ အမျိုးမျိုးသော ဖြစ်နိုင်ခြေများဖြင့် ၎င်းတို့ လိုချင်လျင်လိုချင်သလို ရနိုင်သော အခွင့်အရေးများကို လက်လွှတ်ခံကြပါတယ် ။တစ်ကယ်တမ်း ဒီလို နိုင်ငံခြားဘွဲ့လွန်ပညာရေးဟာ စစ်တပ်ရဲ့အရေးပါတဲ့ အဓိက အစိတ်အပိုင်းဖြစ်မနေပဲနှင့် ..ဦးစားပေးအဆင့် နောက်ကျတဲ့ အပိုင်းမှာ ရှိနေမယ်လို့ တွက်မိပါတယ်..ဘာလို့လဲဆိုတော့ဒီကိစ္စကသာ တစ်ကယ် အထူးအခွင့်အရေးဆိုရင် လူကြီးသားများကို ပထမဦးစားပေးအနေဖြင့် ရွေးချယ်စေလွှတ်မည်မှာ 80 ရာခိုင်နှူန်းဖြစ်နေတာအသေအချာပါပဲ။

ထိုကဲ့သို့ ကျွန်မလို အပြင်အရပ်သူတစ်ယောက်က သုံးသပ်ချက်ကို ပိုခိုင်မာစေသည့် တစ်ချို့ လက်ရှိရုရှားတွင် ပညာသင်ကြားနေသော အရာရှိတစ်ချို့ကိုယ်တိုင်ကပင် ကျွန်မ၏ တစ်ခြားသော ပို့စ်တစ်ခုတွင် ရုရှားတွင် ပညာသင်ကြားနေသည့်အထဲတွင်လူကြီးသားတစ်ယောက်မှမပါဟု comment ပေးခဲ့ဖူးသည့်အဖြစ်မျိုးလဲ လက်တွေ့ရှိနေပါတယ်။တစ်ကယ် အထူးအခွင့်အရေးဆိုရင် လူကြီးသားတွေကို ပေးမှာက အခွင့်အရေးက 80 ရာခိုင်နှူန်းဖြစ်နေတာအသေအချာပါပဲအကိုတို့ DSAတက်တုန်း ဗိုလ်လောင်းဘ၀မှာတုန်းက လူကြီးသားများဖေါက်ရင် မသိချင်ဟန်ဆောင်တယ်ဆိုတာ တစ်ကယ်ကိုမရှိခဲ့ဘူးလားလို့ ...အရိုးသားဆုံး ဖြေပေးစေချင်ပါတယ်။ကျောင်းဆင်းပွဲတိုင်း ဓါးကိုင်လူကြီးသားဆိုတာကိုလဲ ငြင်းကြအုံးမယ်လို့တော့ မထင်မိပါဘူး ၊80 ရာခိုင်နှူန်းလုပ်ပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အ၀ရနေသော လူကြီးသားများအားပုတ်ခတ်သလိုလိုဖြစ်ခဲ့သော "လူကြီးသားများ ဓါးကိုင် ကျန်သောသူများ သေနတ်ထမ်း”....ဆိုတဲ့စကားလေးကDSA... ကျောင်းတော်ကြီးတွင် တော်တော်ထိသော စကားလေးတစ်ရပ်ဖြစ်တယ်ဆိုတာကိုလဲ ငြင်းကြအုံးမလားမသိတော့ပါဘူး...ဖတ်ဖူး..မှတ်ဖူးသလောက်ကတော့..ဒီလူကြီးသားများက..အတော်လေးကို ..စည်းကမ်းမရှိခဲ့တဲ့သူတွေဆိုတာကိုရော ငြင်းကြအုံးမလား။

မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်သား ကိုနိုင်လင်းအောင်၊
ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေသား ကိုကျော်ဖုန်းမြင့်၊
သတ္တုတွင်း ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်သား ကို ကြည်မင်းဦး
ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း သား ကို တိုးနိုင်မန်း

ငြင်းချင်သလိုသာငြင်း...ဒီပြည်သူတွေရဲ့ဘ၀က မှန်နေတာကိုမျက်လုံးနဲ့ ဒဲ့မြင်နေရလဲ သေနတ်ပြပြီး တစ်သွေးတစ်သံတစ်မိန့် ဘ၀မှာ နေသားလဲ ကျသလိုလိုဖြစ်နေပါပြီနံပါတ်တစ် ..ဘယ်သူက ဘယ်တုန်းက အောင်စစ်သည်လဲဆိုတာ ကျွန်မတို့ ပြည်သူတွေနဲ့ မဆိုင်ပါ...ကျွန်မပို့စ်မှာလဲ ထည့်သွင်းရေးထားခြင်းမရှိပါComments များ တစ်ယောက်တစ်လှည့်အပြန်အလှန်ပေးနေရင်းဖြင့် ..အဲ့ဒီအောင်စစ်သည်ဆိုတဲ့ စကားက ပါသွားရခြင်းသာဖြစ်ပါတယ် ။

နံပါတ် နှစ် အကိုတို့ အားလုံးသိသင့်တဲ့ အချက်တစ်ခုက သမိုင်းဝင်မယ့် စာအုပ်စာတမ်းမျိုး ကနေreference ယူတယ်ဆိုတာ သမိုင်းတွင်မယ့် ဖြစ်ရပ်မျိုးတွေ အတွက်သာဖြစ်ပါတယ်ရှင်အခုရုရှားကို ပညာတော်သင်လွှတ်တယ်ဆိုတဲ့ ကိစ္စရပ်ဟာ သမိုင်းတွင်တဲ့ ကိစ္စရပ်မျိုးမဟုတ်တဲ့ အတွက် သူ့အိုး နဲ့ သူ့ဆန် တန်သလောက် ကျွန်မ ကိုးကားပြီး post တင်ရခြင်းဖြစ်ပါတယ်။ကျွန်မ ကိုးကားပါတယ်ဆိုတဲ့ အချက်အလက်တွေက သမိုင်းဝင်စာအုပ်တွေထဲကလို့ ကျွန်မကိုယ်တိုင်လဲ တစ်ခါမှ မပြောခဲ့ဖူးပါဘူး ။ကျွန်မဆီမှာရှိတဲ့ တစ်ချို့သော forward mail များနဲ့ဆိုက်အချို့က သတင်းအချက်အလက်တွေကို reference အနေထားပြီးပိုစ့်ရေးပါတယ် ။ အဲ့ပိုစ့်က ဘယ်မဂ္ဂဇင်းထဲမှာမှ ထည့်မှာလဲမဟုတ်ဘယ်သတင်းထဲမှာလဲထည့်ကြေညာမှာမဟုတ်..
ဒီ Community လေးပတ်လည်မှာပဲ Share ဖြစ်တဲ့ ပိုစ့်ပါရှင်...FB မှာတင်တဲ့ ပိုစ့် တစ်ခုရဲ့ reference လုပ်တယ်ဆိုတဲ့ အချက်ဟာ ဘယ်လောက်ကို ကြီးကျယ်သင့်နေတယ်လို့ အကိုတို့ထင်နေလို့လဲမသိပါဘူး ။

သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းက ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်းဆိုပြီး စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားခဲ့ဖူးတာကို သတင်းတစ်ခုတွင် ဖတ်လိုက်ရပါတယ်အဲ့ဒါကို တက်ရောက်သော အရာရှိများ အားလုံး သိကြပါတယ်။မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။အဲ့ဒါ က တစ်ကယ်မဟုတ်နေဘူးလို့ ပြောကြအုံးမလား ။ မြန်မာနိုင်ငံမှာ မေဂျာတစ်မျိုး ရုရှားရောက်တော့မေဂျာတစ်မျိုးနဲ့ အိုးနင်းခွက်နင်း မဖြစ်ဘူးလို့တော့ မငြင်းစေချင်ပါဘူး။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။

မြန်မာပြည်က M.E ၊ B.E ၊ M.Sc. ၊ B.Sc. ဘွဲ့ရများကို မြန်မာ့ပညာရေးတွင် ဂုဏ်ထူးတန်း၊ B - tech အဆင့် လောက်သာသာရှိသော ပညာရေးအား ဘာဘွဲ့အတွက် ရုရှားမှာ လာသင်ယူနေကြရမှန်းပင် မသိကြရပါ။

နိဂုံးချုပ်ဆိုရပါရင် နိုင်ငံတော် အကြီးအကဲများအနေနဲ့ မြန်မာနိုင်ငံကို ကောင်းမွန်စေချင်ရင်၊ ပညာကို တကယ်လိုအပ်ရင် မြှောက်စားလိုရင်တော့ တကယ့်ပညာရမယ့် တိုင်းပြည် တွေကိုသာ ပညာတော်သင် စေလွှတ်စေချင်ပါတယ်။ တနည်းပြောရရင် မြန်မာ့ပြည်တွင်းမှာဘဲ မြန်မာ့ပညာရေး အတွက် ရုရှားစရိတ်များအား ထိထိရောက်ရောက် အသုံးပြု စေချင်ပါတယ်။ ယခုတော့ နိုင်ငံတော်အကြီးအကဲများက (ယေဘူယျအားဖြင့်) ပညာယူလိုစိတ် နည်းပါးတဲ့၊ differential ၊ integral စတဲ့ အခြေခံသင်္ချာကိုပင် မပိုင်နိုင်တဲ့ စစ်ဗိုလ် တချို့များအား ငွေကုန်ခံကာ စေလွှတ်နေခြင်းဟာ ရုရှားဆရာများအနေနဲ့ မြန်မာပြည်မှ ပညာတော်သင်တွေရဲ့ အရည်အချင်းကို တမျိုးမြင်သွားနိုင်ပါတယ်။စာမေးပွဲကျလို့ ပြန်ရတဲ့ အရာရှိများ မရှိဘူးလို့ ဆက်လက်၍ ငြင်းချက်ထုတ်နေအုံးမယ် လို့ မထင်ချင်ပါ ။


(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ်သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။) 

စုပြည့်စန္ဒာ
မှုရင်းပိုစ်

Monday, November 29, 2010

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွား တက်ရဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအနေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိ များသာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှားနိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။

ထို့အပြင် ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှားပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။

“ရုရှားသို့ ပညာတော်သင် သွားခြင်း” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။

ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်
12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။

ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကိုသတိမထားမိကြပေ။ “သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။

သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊နောက်ကွယ်မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။

ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။

“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "
“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”
“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”

လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်းပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။

ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်

(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?

(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?

(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?

(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?

အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့
ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။

အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။

အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်းသာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေတာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???

စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည်ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။

ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည်နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက်လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။

“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခုတော့ ထွက်လာပါလိမ့်မည်။
ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။
တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊
ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။...............................

(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ်သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။) 

စုပြည့်စန္ဒာ

မှုရင်းပိုစ်


Facebook မှာဖတ်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ။ 
ဖတ်ရတာ ကြိုက်နှစ်သက်မိတဲ့အတွက်ပြန်ပြီး မျှဝေလိုက်ရပါတယ် ။ 
ဒီဆောင်းပါးအတွက် စုပြည့်စန္ဒာ ကို အလွန်ကျေးဇူးတင်မိပါတယ် ။