Showing posts with label မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?. Show all posts
Showing posts with label မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?. Show all posts

Monday, November 8, 2010

မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?

မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?


မြန်မာနိုင်ငံကို ဆက်သွယ်ရတာကလဲ အခတ်တွေ့နေတော့ သတင်းကို လွယ်လွယ်နဲ့ မရနိုင်ဘူးဖြစ်နေတယ် ။
မနက်ကမှ သူငယ်ချင်းတစ်ယောက်ကမြဝတီမှာရှိတဲ့ သူ့ အကို ကို ဖုန်းဆက်တော့မှ တကယ် တိုက်ပွဲဖြစ်နေတယ်ဆိုတာ
သိရတယ် လို့  ပြောပြသွားပါတယ် ။

နအဖ စစ်တပ် တွေနဲ့  တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား  တပ်မတော်  (DKBA) တပ်မဟာ ၅ မှ
ဗိုလ်နှုတ်ခမ်းမွေး ( ဗိုလ်မှူးကြီး စောလားပွယ်) တပ်တွေ မြဝတီမြို့မှာတိုက်ပွဲ ဖြစ်နေတယ်လို့ သတင်းထွက်နေတာ တစ်နေ့ကတည်းကပါ .. ဒါပေမယ့် .. တကယ်တမ်းစတင်ဖြစ်ခတ်ကြတာက ယနေ့ နံနက်မှပါ  ။

စစ်အစိုးရတပ်တွေက စပစ်တယ်လို့ ကြားသိရပြီး  ..
စစ်အစိုးရက တပ်တွေ အားဖြည့်နေပါတယ်  .. လက်နက်ကြီး နဲ့ ပစ်ခတ်မှု့တွေလဲရှိနေပါတယ် ။
ကရင်ပြည်နယ် ဘုရားသုံးဆူမှာ တိုက်ပွဲဖြစ်ခဲ့ပြီး DKBA တပ်ဖွဲ့များက ဘုရားသုံးဆူအရပ်ကို သိမ်းမိနေပါပြီ ။
နယ်ခြားစောင့်တပ်အချို့က ဒီကေဘီအေနှင့် ပါဝင်ပူးပေါင်းလာပြီး စစ်အစိုးရကို အရှိန်မြင့် တိုက်စစ် ဆင်နေပါပြီ။
ည အချိန်မှာတိုက်ပွဲ ဆက်ဖြစ်လာနိုင်ပါတယ် ။
မြဝတီမြို့ခံလူတွေကတော့ ထွက်ပြေးနေရပြီး ခုဆို ထိုင်းဘက်ရောက်နေကြပါပြီ ။
ဧရာဝတီ သတင်းဌာန မှာ တင်ထားတဲ့ သတင်းအရ လုပ်အပ်လာရင်တော့ KNU မှလဲ DKBA ကို ဝင်ကူမယ်လို့ ပြောပါတယ် ။ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကတော့ DKBA တပ်များကိုဝင်ကူဖို့ ရန် ဆုံးဖြတ်ချက်မရှိသေးကြောင်း သိရပါတယ် ။
 
ခုလိုတိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကတော့ ..

ဒီလို အင်အားအများစု နဲ့ အနည်းစု တိုက်ပွဲဖြစ်နေတာဟာ နိုင်ငံအတွက် ကြီးကြီးမားမားပြောင်းလဲမှု့ရှိလာနိုင်မှာမဟုတ်ပါဘူး ။ ပြီးတော့ အင်အားအနည်းစု လဲ အထိနာမယ် ..
ဘာလို့ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်နေတဲ့ အဖြစ်မျိုးကို အဖြစ်ခံမှာလဲဗျာ ..
စစ်အာဏာရှင်စနစ်က ရုန်းထွက်မယ်  .. 
တကယ်အစိုးရကိုဖြုတ်ချတော့မယ် စိတ်ရှိနေရင်တော့ ကျနော်တို့ သွေးချင်းတွေ ကိုယ်တိုင် အတူလက်တွဲပြီး တိုက်ပွဲဝင်မှ အောင်မြင်မှု့ရနိုင်ပါမယ် ။

တိုက်ပွဲဖြစ်ရတာဟာ စစ်အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေကို ချေမှုန်းခြင်း အကြံစည် တစ်ခုလဲဖြစ်နိုင်ပြီး  ..တရားမျှတမှု့ မရှိတဲ့ ရွေးကောက်ပွဲ ကြောင့်လဲဖြစ်နိုင်ပါတယ် ။
ခုလိုအခြေအနေမှာ ဖြစ်သင့်တာကတော့ စစ်အစိုးရအနေနဲ့ ပြေလည်အောင် ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ် ။
တိုက်ပွဲတွေဖြစ်တော့ ပြည်သူတွေပဲ ကြားညပ်ရပြန်ပြီ ..
မတရား နယ်ခြားစောင့်တပ်တွေဖွဲ့နေတဲ့ အဖြစ်ဟာ ခုဆိုသွေးချင်းညီအစ်ကိုတွေကိုအချင်းချင်း ပြန်သတ်ခိုင်းတဲ့ အဖြစ်မျိုးဖြစ်နေရပါပြီ။

မဇ္ဈိမ သတင်းဌာနနဲ့ ပတ်သက်ပြီး "မြဝတီကို ဒီကေဘီအေ ခွဲထွက်များ မသိမ်းပါ" ဆိုတဲ့ ခေါင်းစဉ်နေ့ သတင်းတစ်ပုဒ်ကို အင်တာဗျူးနဲ့တင်ခဲ့ပါတယ် ..
အဲ့ဒါနဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနကို အမြင်မှားနေတဲ့ အဖြစ်လေးတွေလဲရှိနေတဲ့အတွက်  ..
အမြင်အမှားမဖြစ်စေဖို့  တစ်ခုလောက်ပြောချင်ပါတယ် ။
သူတို့ သတင်းတင်ခဲ့တဲ့ အချိန်ဟာ တိုက်ပွဲဖြစ်နေတယ်လို့ ကောလဟလတွေသာ ထွက်နေချိန်ဖြစ်ပြီး တိုက်ပွဲတကယ်တမ်းဖြစ်တာက ယနေ့နံနက်မှပါ  ..
နဂိုတည်းကမှ ပြည်ပသတင်းဌာနတွေကို အပြစ်ပြောနေတဲ့ သူတွေက ခပ်များများရယ်
ကိုယ်တွေကပါ လိုက်ပြောမိနေမယ်ဆိုရင်တော့ အပင်ပန်းခံသတင်းတွေယူပြီး 
တို့ မြန်မာတွေအတွက် မီဒီယာလက်နက်နဲ့တိုက်ပွဲဝင်နေတဲ့ စေတနာကို  စော်ကားသလိုဖြစ်နေတဲ့အတွက် စိတ်မကောင်းစရာပါပဲ ။

သက်အောင်(ကလောင်တိုက်ပွဲ)